သစ်သားအဆောက်အအုံရောဂါ သြစတြေးလျသို့ ကူးစက်

သစ်သားအဆောက်အအုံရောဂါ သြစတြေးလျသို့ ကူးစက် - Property News in Myanmar from iMyanmarHouse.com
30 Jul 2018 11:47 am တွင် တင်ခဲ့သည်
1892 ကြိမ် ကြည့်ရှု့ပြီး
အာရှတိုက်တစ်ဝန်းရှိ မြို့တော်ကြီးများက သစ်သားဖြင့် ဆောက်လုပ်မည့် ၎င်းတို့၏ ပထမဆုံးသစ်သားအဆောက်အအုံစီမံကိန်းများကို ပြသနေကြပြီဖြစ်သည်။

ဂျပန်ဝါရင့်စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သော Sumitomo Forestry က ကုမ္ပဏီသက်တမ်း နှစ် ၃၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အမြင့်ဆုံး
သစ်သားအဆောက်အအုံဖြစ်လာမည့် အထပ်ပေါင်း ၇၀၊ အမြင့် မီတာ ၃၅၀ မြင့်သော မိုးမျှော်သစ်သားအဆောက်အအုံတစ်ခု တည်ဆောက်ရန် အစီအစဉ်များအား ဖေဖော်ဝါရီလအစောပိုင်းတွင် ချပြခဲ့ပြီးဖြစ်သည်။

ယခုအခါ သြစတြေးလျသည်လည်း သစ်သားအဆောက်အအုံများကို မျက်စိကျလာပြီဖြစ်ကြောင်း သိရသည်။

ဘရစ္စဘိန်းမြို့တွင် တည်ဆောက်မည့် ရုံးခန်းအဆောက်အအုံဖြစ်သော သစ်သားအဆောက်အအုံ 25 King သည် အထပ် ၁၀ ထပ်ပါဝင်ကာ ၄၅ မီတာမြင့်မားမည်ဖြစ်ကြောင်း တည်ဆောက်မည့် ဆစ်ဒနီအခြေစိုက် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေရေးရာကုမ္ပဏီ Lendlease ကုမ္ပဏီက ဇူလိုင် ၂၀ တွင် ကြေညာခဲ့သည်။

သြစတြေးလျဒေါ်လာ သန်း ၁၄၀ (အမေရိကန်ဒေါ်လာ ၁၀၃ သန်း) ကုန်ကျမည့် ၎င်းစီမံကိန်းအကောင်အထည်ပေါ်လာပါက ကမ္ဘာ့အမြင့်ဆုံးသစ်သားရုံးခန်း အဆောက်အအုံဖြစ်လာမည်ဖြစ်ကြောင်း Lendlease က ကြေညာထားသည်။

လာမည့် အောက်တိုဘာတွင် တည်ဆောက်ပြီးစီးရန် လျာထားသည့် 25 King မတိုင်မီ သြစတြေးလျတွင် အလားတူစီမံကိန်းများ ပြီးခဲ့သည့်သီတင်းပတ်
အနည်းငယ်အတွင်းက ထွက်ပေါ်လာခဲ့သေးကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် Developer (မြေယာဝယ်ယူ၍ အဆောက်အအုံ
ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) AsheMorgan က မဲလ်ဘုန်း၏ ပထမဆုံးသစ်သားရုံးခန်းအဆောက်အအုံ Woodwork အား ဆောက်လုပ်မည့် စီမံကိန်းကို ကြေညာခဲ့သည်။

အထပ် ခြောက်ထပ်ပါဝင်ပြီး စတုရန်းမီတာ ၈,၀၀၀ ကျယ်ဝန်းမည့် Woodwork အား သြစတြေးလျဒေါ်လာ ၅၆ သန်း အသုံးပြုကာ သစ်ပါးလွှာ၊ ဖော်ဖိုင်ကာ စသည် အလွှာအုပ်ထားသော အထပ်သား CLT ဖြင့် ၈၀ ရာခိုင်နှုန်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service