အိမ်ခြံမြေ ဝယ်ရောင်း ငှား ဝန်ဆောင်မှုများအတွက် အရည်အချင်းစစ် စာမေးပွဲဖြေပြီး မှသာ လိုင်စင်ထုတ်ပေးမည်ဖြစ် ပြီး လိုင်စင်မရှိဘဲ ပွဲစားလုပ်ပါက ငွေဒဏ် ကျပ်သိန်း ၃၀ နှင့်ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင် ကြောင်း အိမ်ခြံမြေ ဝန်ဆောင် မှုလုပ်ငန်းအသင်း (ဗဟို) အထွေ ထွေအတွင်းရေးမှူးချုပ်
ဒေါ်မို့မို့ အောင်က ပြောသည်။
ထိုသို့ ပြဋ္ဌာန်းသတ်မှတ်ရ ခြင်းမှာ အကျိုးဆောင်အချို့၏ လိမ်ညာမှုများကို ကာကွယ်နိုင် ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒေါ်မို့မို့အောင်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဇူလိုင် ၂၈ ရက်၌ပြုလုပ်သည့် အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ကြမ်းဆိုင်ရာ ရှင်းလင်းဆွေးနွေး ပွဲတွင် ပြောသည်။
‘‘ဒဏ်ငွေတွေ၊ ထောင်ဒဏ် တွေ ထည့်ထားတဲ့ကိစ္စက ပါးစပ်ပါရင် ပွဲစားဖြစ်တယ်။ သိတဲ့သူ အချင်းချင်း လက်ညှိုးထိုးလုပ်ပေး မယ်။ လုပ်တဲ့အခါ ပြဿနာဖြစ် ရင် တာဝန်မယူဘူး။ အကျိုး ဆောင်ခက ပေးလိုက်ပြီ။ လိုင်စင် မရှိတော့ ဘယ်ရှာရမှန်းမသိဘူး’’ ဟု ဒေါ်မို့မို့အောင်က ဆိုသည်။
လိုင်စင် ထုတ်ပေးရာတွင် အရည်အချင်းစစ်စာမေးပွဲကို ဖြေ ရပြီး အုပ်စုဖွဲ့ လုပ်ကိုင်မည့်သူကို အေဂျင်စီလိုင်စင် ထုတ်ပေး၍ တစ်ဦးတစ်ယောက်တည်းအား အေးဂျင့်လိုင်စင် ထုတ်ပေးမည်ဟု အဆိုပါအသင်းက သတ်မှတ် ထားသည်။
လိုင်စင်ဖြင့် သတ်မှတ်ခြင်း သည် နိုင်ငံအတွက် အခွန်အခ ရရန်၊ အကျိုးဆောင်ခယူပြီး အကျိုးဆောင်လုပ်ငန်းကို ပြီး ပြတ်သည်အထိ မဆောင်ရွက်ပေး သည့်ပြဿနာများကို ဖြေရှင်းရန် နှင့် အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်လာရန်ဖြစ်သည်ဟု အဆို ပါအသင်းက ဆိုထားသည်။
‘‘အိမ်ခြံမြေအရောင်းအဝယ် အေးနေချိန်မှာ အခုလို သတ်မှတ် တာ တော်တော်လေး အရောင်း အဝယ်ထိုင်းသွားလိမ့်မယ်။ အခု တောင် အလုပ်မဖြစ်ဘူး’’ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ခြံမြေ ပွဲစား ဒေါ်သန်းသန်းဝင်းက ပြော သည်။ အဆိုပါ ဥပေဒကြမ်းတွင် အိမ်ခြံမြေ ရောင်းဝယ်ငှားဝန် ဆောင်မှု လုပ်ကိုင်ခွင့်မရှိသူ ငါး မျိုး သတ်မှတ်ထားပြီး ၎င်းတို့မှာ လိုင်စင်မရှိသူ အပါအဝင်
စိတ်ပေါ့ရူးသွပ်သူ၊ လူမွဲစာရင်း ကြေ ညာထားသူ၊ သာသနာ့ဘောင်
သို့အမြဲကူးပြောင်းသွားသူနှင့် စာရိတ္တပျက်ယွင်းသူများဟု ဆို ထားသည်။
ထို့အပြင် ဝန်ဆောင်မှုပေး သူများသည် အိမ်ခြံမြေများ ရောင်းဝယ်ငှားရမ်းမှုကို သတ် မှတ်ဈေးထက် ပိုမိုရောင်းချ ငှားရမ်းခြင်း မပြုရန် ကန့်သတ်ထား သည်။
Credit: 7Daydaily