တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေကိုယခုနှစ်အတွင်း အတည်ပြုပြဌာန်းသွားနိုင်ရန် လွှတ်တော် သို့ တင်သွင်းထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံလိုင်စင်
ရကန်ထရိုက်တာများအသင်းမှ သတင်းရရှိသည်။
၎င်းဥပဒေတွင် အခန်းပိုင်ဆိုင်မှု ၊ အရှုပ်အရှင်းပြသနာ၊ လက်ရှိ ကန်ထရိုက်တာများနှင့် မြေရှင်များအကြား ဖြစ်ပွားနေသောပြသနာများနှင့် တိုက်ခန်းဝယ်ယူပြီး နစ်နာဆုံးရှုံးနေသူများ အစရှိသည့်ပြသနာများ ပြေလျော့သွားနိုင်မည်ဖြစ်ကြောင်း အဆိုပါဥပဒေကိုရေးဆွဲရာတွင် ပါဝင်သည့် တရားဥပဒေရှေ့နေ
ဦးအုန်းမောင်ကပြောသည်။
အဆိုပါဥပဒေတွင် တိုက်ခန်းဝယ်ယူထားသူများအတွက် အမှန်တကယ် အခန်းပိုင်ဆိုင်ရေး၊ အခန်းကိုပေါင်နှံနိုင်ရေး၊ အစရှိသည့် အချက်များအပြင် နိုင်ငံခြားသားဝယ်ယူခွင့်များကိုပါ တရားဝင်ပြဌာန်းနိုင်ရန် အဓိကရေးဆွဲထားကြောင်း
ဦးအုန်းမောင်ကရှင်းပြသည်။
တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေအဆိုပြုမူကြမ်းတွင် နိုင်ငံခြားများ အဆောက်အအုံ၏ ၃၅ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်၊ အဆောက်အဦများတည်ဆောက်ခြင်း ဝယ်ယူရောင်းချခြင်းများကို မှတ်ပုံတင်ရန်နှင့် လူနေထိုင်ရန် တည်ဆောက်ထားသော တိုက်ခန်းများကို ဘာသာရေးဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုခြင်းကို ကန့်သတ်ထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
လက်ရှိတွင် ကွန်ဒိုမီနီယံဥပဒေမှ ထွက်ရှိထားပြီဖြစ်သော်လည်း လူနည်းစုကိုသာ ယင်းဥပဒေမှာကိုယ်စားပြုပြီး လက်ရှိ မူကြမ်းထွက်ထားသည့် တိုက်ခန်းဆိုင်ရာ အဆောက်အအုံဥပဒေမှာ ရန်ကုန် အတွက် မဖြစ်မနေလိုအပ်သည့် ဥပဒေဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း
အတွင်းရေးမှူး ဦးမျိုးမြင့်ကဆိုသည်။
“ ဒီဥပဒေပေါ်လာရင် အခုအေးစက်နေတဲ့ အိမ်ခြံမြေဈေးတွေပါ ပြန်ပြီးကောင်းလာနိုင်တဲ့သဘောရှိတယ် လက်ရှိဖြစ်ပျက်နေတဲ့ ဆောက်လုပ်ရေးလောကက ပြသနာတွေကိုလဲ အထိုက်အလျောက်ဖြေရှင်းနိုင်မယ်လို့ ထင်တယ် “ ဟု ဦးမျိုးမြင့်ကဆက်လက်ပြောကြားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com