ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် လာရောက်လျှောက်ထားသူများကို သူဌေးဖြစ်သူက အင်တာဗျူး ပြုလုပ်နေ၏။
ပထမဆုံးတစ်ဦးဝင်ရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်လေသည်။
(အလုပ်လျှောက်သူ-၁) “ကျွန်တော်ဒီမှာ မန်နေဂျာရာထူးလျှောက်ထားချင်လို့ပါခင်ဗျာ”
(သူဌေး) “၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရလဲ”
(အလုပ်လျှောက်သူ-၁) “၄..ပါ”
သူဌေးလည်း ဒီလောက်ဆိုရပါပြီဟုဆိုကာ ပြန်ခိုင်းလိုက်၏။ ထိုသူလည်း အနည်းငယ်စိတ်ရှုပ်သွားကာ စိတ်ပျက်လက်ပျက် ဝမ်းနည်းစွာဖြင့် သူဌေး၏ရုံးခန်းအတွင်းမှ ထွက်ခွာသွားသည်။
ယင်းနောက် အခြားတစ်ဦးဝင်ရောက်လာရာ သူဌေးက အလားတူမေး၏။
(သူဌေး) “၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရလဲ”
(အလုပ်လျှောက်သူ-၂) “၄..ရပါတယ်ခင်ဗျာ”
သူဌေးက ထိုသူကိုလည်း ပြန်ခိုင်းလိုက်လေသည်။ ထိုသူအခန်းတွင်းမှ အထွက်တွင် သူဌေးက မေးမြန်းပုံများကို တတိယတစ်ဦးအား ပြောပြရာ တတိယမြောက်အလုပ်လျှောက်ထားမည့်သူက ကုမ္ပဏီသူဌေး ရူးနေခြင်းဖြစ်မည်ဟု ယူဆကာ အလုပ်မလျှောက်တော့ဘဲ ပြန်သွားလေသည်။
နောက်ဆုံးတစ်ဦးဝင်ရောက်လာချိန်တွင်လည်း သူဌေးက ယခင်မေးခွန်းကိုပင် မေးမြန်း၏။
(သူဌေး) “၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရသလဲ”
(နောက်ဆုံးအလုပ်လျှောက်သူ) “သူဌေး ဖြစ်စေချင်တဲ့ အဖြေကို ရပါတယ်” ဟု ဖြေလိုက်ရာ သူဌေးက
“မင်းကို အလုပ်ခန့်လိုက်ပြီ” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)