မြို့ ပြနှင့်အိမ်ယာဖွံ့ဖြိုးမှုဦးစီးဌာနမှ တန်ဖိုးနည်းတန်ဖိုးသင့်တိုက်ခန်းပေါင်း၆၀၀၀ကျော် ရောင်းချရန် ကျန်ရှိနေသေးကြောင်း ပြည်သူ့ အိမ်ယာရောင်း
ချရေးကော်မတီမှ သတင်းရရှိသည်။
၎င်းအခန်းများမှာ လက်ရှိအချိန်တွင် ဆောက်လုပ်ဆဲဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၇၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ဖြစ်ကြောင်း ၄င်းကော်မတီမှ ဦးညီညီကပြောသည်။
မြို့ ပြနှင့်အိမ်ယာဖွံ့ဖြိုးမှုဦးစီးဌာနမှ လက်ရှိအချိန်တွင် အခန်းပေါင်း ၁၀၀၀ကျော်ကို အများပြည်သူကိုရောင်းချထားပြီးဖြစ်ပြီး ဝယ်လိုအားများပြားနေခြင်းအပေါ် ထပ်မံရောင်းချမည့် အခန်းများဖြင့် ဖြေရှင်းမည်ဖြစ်သည်။
ထပ်မံရောင်းချမည့် အခန်းများမှာ လှိုင်သာယာ၊ရွှေပြည်သာ ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊တောင်ဒဂုံ ၊မြောက်ဥက္ကလာ မြို့ နယ်တို့ တွင်တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်ငါးခု ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ထားသည့် တန်ဖိုး သင့်နှင့် တန်ဖိုးနည်းအိမ်ရာများ ကို အသက် (၂၃) နှစ်ပြည့်ပြီးသူ တိုင်းအား တိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်  မဲနှိုက်ရောင်းချလျှက်ရှိသည်။
ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်စေရန် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေနေပြီး အိမ်ရာ ဖွံ့ဖြိုးရေးကို ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် အခန်းစုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com