မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေ ၂ဝ၁၇ အရမှတ်ပုံပြန်တင်ရမည့်ကုမ္ပဏီများအနေဖြင့် မှတ်ပုံမတင်လျှင် စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
အကယ်၍ ပြန်လည်မှတ်ပုံတင်ရန် ကာလအတွင်း အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်လျှင်အဆိုပါကုမ္ပဏီအမည်ကို မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ကြောင်း မြန်မာနိုင်ငံ
ကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများတွင် ဖော်ပြထားသည်။
“ဒီဥပဒေအရ ကုမ္ပဏီအားလုံး ပြန်လည်မှတ်ပုံတင်ဖို့ လိုပါတယ်။ ပြန်လည်မှတ်ပုံတင်ခြင်းမရှိရင် ဥပဒေနဲ့အညီ ဖျက်သိမ်းသွားမှာဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦး
က ပြောသည်။
ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့လျှင်လည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြရန်လိုအပ်ကြောင်း၊တင်ပြလာပါကလည်း မှတ်ပုံတင်စာရင်းမှ ယင်း၏အမည်ကို ပယ်ဖျက်ခြင်း မပြုမီ ပြန်လည်ထိန်းသိမ်းနိုင်ပြီး ထိုသို့ပြန်လည်ထိန်းသိမ်းခြင်း အတွက် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့်
ပေးဆောင်ရ မည့်အခကြေးငွေ တစ်စုံတစ်ရာကို ပေးဆောင်၍ဆောင်ရွက်နိုင်ကြောင်း သိရသည်။
Credit: Pyi Myanmar