စတော့ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားလာစေရန် စတော့ရှယ်ယာဝယ်ယူရေးအ ကျိုးဆောင်ခများကို ဩဂုတ် ၁ ရက်ကစတင်၍ အနိမ့်ဆုံး ၀ ဒသမ ၄ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁ ရာခိုင်နှုန်းအထိ လျှော့ချမည် ဖြစ်ကြောင်း ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအကျိုးဆောင်ခများ သည် စတော့ရှယ်ယာဝယ်ယူသူ များက Securities ကုမ္ပဏီများ ကို ပေးနေရသည့်နှုန်းထားများဖြစ် ပြီး ယခင်ကအကျိုးဆောင်ပမာ ဏများသည်ဟု ဝေဖန်မှုရှိနေ ချိန်တွင် လျှော့ချခြင်းဖြစ်ကြောင်း စတော့ရှယ်ယာပိုင်ရှင်ကိုအာကာ က ပြောသည်။
‘‘ကော်မရှင်ခ လျှော့လိုက် တော့ ရှယ်ယာနည်းနည်းဝယ်တဲ့ သူရော၊ များများဝယ်တဲ့သူရော ပိုပြီးအဆင်ပြေလာမယ်။ ၀ယ် ရောင်းပိုများလာမယ်လို့
ထင်ပါ တယ်’’ ဟု ၎င်းက ဆက်လက်ပြော သည်။
ယခင်က ကျပ် ၁၀ သိန်းဖိုး အထိ စတော့ရှယ်ယာဝယ်ယူလျှင် အကျိုးဆောင်ခကိုကျပ် ၅,၀၀၀ ပေးဆောင်ရန်ပုံသေသတ်မှတ် ထားပြီး လျှော့ချသည့်နှုန်းထား အရ စတော့ရှယ်ယာဝယ်ယူသည့် ပမာဏ၏ ၁ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ပြီး ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိယခင် ၀ ဒသမ ၈ ရာခိုင်နှုန်းမှ ယခု ၀ ဒသမ ၇ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ မှ သိန်း ၁,၀၀၀ အထိယခင် ၀ ဒသမ ၆ ရာခိုင်နှုန်းမှ ယခု ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထက်ယခင် ၅ ရာခိုင် နှုန်းမှ ယခု ၄ ရာခိုင်နှုန်းထက် မကျော်လွန်ရဟု ဆိုထားသည်။
ထို့အပြင် ငွေချေးသက်သေ ခံလက်မှတ် ကုမ္ပဏီများ ရန်ကုန် စတော့အိတ်ချိန်းကို ပေးသွင်းရ သည့် ၀န်ဆောင်ခများလျှော့ချပေးရန်ရှိကြောင်း ကော်မရှင်ကဆိုထားသည်။
၂၀၁၆ တွင် ရှယ်ယာဝယ် ယူသူများအခွန်ဆောင်နေသည့် တံဆိပ်ခေါင်းခွန်ကို ၀ ဒသမ ၃ ရာခိုင်နှုန်းမှ ၀ ဒသမ ၁ ရာခိုင်နှုန်း သို့ လျှော့ချပေးဖူးသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီငါးခုရှိပြီး ယင်းကုမ္ပဏီများ၏ အစုရှယ်ယာ များကို Securities ကုမ္ပဏီခုနစ်ခု က ၀ယ်ရောင်ပြုလုပ်နေသည်။
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီငါးခုတွင် အစု ရှယ်ယာရှင်ဦးရေသုံးသိန်းကျော် ရှိသော်လည်း ယခုရှယ်ယာဝယ် ရောင်းလုပ်နေသူနေ့စဉ် လူ ၃၀၀ နှင့် ၅၀၀ ကြားသာရှိကြောင်း ရန် ကုန်စတော့အိတ်ချိန်းအကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက် ထွန်းဦးက ပြောထားသည်။
စတော့အစုရှယ်ယာပိုင်ရှင် များအနက် ရှယ်ယာဝယ်ရောင်း လုပ်ငန်း Trading Account (ရှယ်ယာ ၀ယ်ရောင်းလုပ်သည့် ဘဏ်စာရင်း) ဖွင့်ထားသူ ၃၃,၀၀၀ ကျော်ရှိပြီး ရှယ်ယာအ ရောင်းအ၀ယ်ပြုလုပ်သူ ၃၀၀ နှင့် ၅၀၀ ကြားသာရှိကြောင်း ၎င်း ကဆက်လက်ပြောသည်။
Credit: 7Daydaily