ရန်ကုန်တိုင်းအစိုးရအစီ အစဉ်ဖြင့် ရောင်းချသည့်တန်ဖိုး နည်းအိမ်ရာတိုက်ခန်းပထမရက် မဲနှိုက်ရာတွင် လူကိုယ်တိုင်မလာ သူ ၈၀ ခန့်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးဦးမျိုး သီဟက ပြောသည်။
ရွှေပေါက်ကံ၊ ရွှေလင်ဗန်း၊ ယုဇနနှင့်ကနောင်မင်းသားကြီး အိမ်ရာမှ တန်ဖိုးနည်းအိမ်ရာအခန်း ၈၀၀ ကျော်အတွက် ဇူလိုင် ၂၅ ရက်တွင် ပထမဆုံးမဲနှိုက်ရာ လူကိုယ်တိုင်မလာရောက်သူများ အတွက် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များနှင့် အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကိုယ် စားမဲနှိုက်ပေးခဲ့သည်။
ပထမဆုံးရက်တွင် ရွှေပေါက်ကံနှင့် ရွှေလင်ဗန်းအိမ်ရာ တိုက်ခန်းများ ၀ယ်ယူခွင့်ရရှိသူ ၃၆၅ ဦးအား မဲဖောက်ပေးခဲ့ သည်။
‘‘မလာတဲ့သူတွေကိုယ်စား အများအရှေ့မှာ ပွင့်လင်းမြင်သာ စွာမဲနှိုက်ပေးခဲ့ပါတယ်။ တိုက်ခန်း ပေါက်သူတွေကို နိုင်ငံပိုင်သတင်း စာ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွေ မှာ ထုတ်ပြန်ကြေညာပေးသွားပါ့ မယ်’’ ဟု ဦးမျိုးသီဟက ပြော သည်။
အိမ်ရာဝယ်ယူခွင့်ရရှိသူ များသည် အိမ်ရာတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို လက်ငင်းငွေပေးချေ ရမည်ဖြစ်ပြီး ငါးနှစ်မှ ၁၅ နှစ်အ ထိ အရစ်ကျဝယ်ယူနိုင်ရန် အဆို ပါဌာနနှင့် ဆောက်လုပ်ရေး၊ အိမ် ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးရေးဘဏ် (CHID)တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။
တိုက်ခန်းဝယ်ယူခွင့်ရရှိသူ များတွင် ဘဏ်ချေးငွေလျှောက် ထားသူများရှိပါက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေး မည်ဖြစ်ကြောင်း CHID ဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့် မူက ပြောသည်။
‘‘အိမ်ငှားဘ၀ကနေ အိမ် တစ်လုံးကောင်းကောင်းရသွားပါ ပြီ’’ ဟု ရွှေလင်ဗန်းအိမ်ရာတိုက် ခန်းမဲပေါက်သူ ဒေါ်လဲ့လဲ့ခိုင်က ပြောသည်။
တိုက်ခန်းမြေညီထပ်တစ် ခန်းလျှင် ကျပ်သိန်း ၄၀၀ ကျော်၊ ပထမထပ်တစ်ခန်းလျှင် ကျပ် သိန်း ၃၀၀ မှ ၄၀၀ ခန့် ဈေးနှုန်း သတ်မှတ်ထားသည်။ ထို့အပြင် ဒုတိယထပ်တစ်ခန်းလျှင် ကျပ် သိန်း ၃၀၀ ကျော်နှင့်တတိယထပ် တစ်ခန်းလျှင် သိန်း ၂၀၀ မှ ၃၀၀ ကျော်ရှိသည်။
ဇူလိုင် ၂၆ ရက်(ယနေ့) တွင် ယုဇနနှင့်ကနောင်မင်းသား ကြီးအိမ်ရာကို ဆက်လက်မဲ နှိုက်ပေးမည်ဖြစ်သည်။
Credit: 7Daydaily