ရန်ကုန်မြို့၏လမ်းမတန်းဆိုင်ခန်းနှင့်မြေနေရာဌားရမ်းခများမှာ အမြတ်မရခင်အရင်းကြေနိုင်ရန်စီးပွားရေးလည်ပတ်မှုပိုမိုလုပ်ဆောင်နေရကြောင်းဆိုင်ခန်းဌားရမ်းကာစီးပွားရေးလုပ်ကိုင်သူတ ချို့ထံမှသိရသည်။
" လမ်းမတန်းမှာသတိထားကြည့်မယ်ဆိုရင် ဆိုင်အများစုကရေရှည်ရပ်တည်နိုင်တယ်ဆိုတာ စားသောက်ဆိုင်တွေနဲ့နာမည်ကြီးလုပ်ငန်းတွေလောက်ပဲရှိတယ်သာမန်ဆိုင်အများစုကလမ်းမကြီးတွေမှာပေးရတဲ့ဌားခတွေကိုလည်ပတ်နိုင်ပြီးဆိုင်ရပ်တည်နိုင်အောင်မနည်းလုပ်နေရတာ''ဟုအထည်ဆိုင်ဖွင့်လစ်ရောင်းချသူမနီလာကရှင်းပြသည်။
လက်ရှိရန်ကုန်မြို့ရှိမြို့နယ်အများစု၏လမ်းမတန်းမြေနေရာဌားရမ်းခများမှာ ကျပ်သိန်း၂၀၀ဝန်းကျင်မှမြို့နယ်ပေါ်မူတည်၍ကျပ် ငါးသိန်းလောက်အထိ အစားစားရှိပြီးတချို့နေရာများမှာဌားရမ်းသည့်ဆိုင်ခန်းအမျိုးအစားပေါ်မူတည်၍ဈေးအပြောင်းအလဲဖြင့်ဌားရမ်းမှုများလည်းရှိကြောင်းသိရသည်။ "တချို့ကြတော့ ဆိုင်ဌားတာတောင်ဘီယာဆိုင်တို့ စားသောက်ဆိုင် တို့ဆိုဈေးပိုတောင်းတယ်ပီးရင်စာချုပ်ကိုလည်း အနည်းဆုံးတစ်နှစ်လောက်ချုပ်မှလက်ခံကြတယ်''ဟုအိမ်ခြံမြေအကျိုးဆောင် ကိုဝဏ္ဏကပြောသည်။
ရန်ကုန်မြို့၏ဆိုင်ခန်းအများစုမှာအမြတ်ငွေနှင့်ဌားခပေါ်မူတည်၍ဈေးနှုန်းပြောင်းလဲမှုများပြုလုပ်ကြပြီး ငွေကြေးရင်းနှီးမြှပ်နှံမှု နည်းသည့်လုပ်ငန်းအများစုမှာ အချိန်ကြာကြာမရပ်တည်နိုင်ဘဲ လုပ်ငန်းရပ်နားမှုများရင်ဆိုင်ရလျက်ရှိကြောင်းသိရသည်။ ဒီလိုဆိုင်နေရာအများစုမှာ ပြည်လမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ ကျောက်ကုန်းဘက်များသာမက နောက်ပိုင်းလူစိတ်ဝင်စားမှုများ သည့်တောင်ဥက္ကလာမြို့နယ်အတွင်းရှိလမ်းမကြီးတွေမှာပါများ ပြားလာကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com