အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခု၏ ရုံးခန်းအတွင်း ဝန်ထမ်းနှစ်ဦး စကားပြောနေကြ၏။
အမျိုးသမီးဝန်ထမ်းက .. “သူဌေးက ငါ့ကို ဒီနေ့ရုံးပိတ်ပေးလာအောင် လုပ်လို့ရတယ်” ဟု ဆိုရာအမျိုးသားဝန်ထမ်းက အံ့အားသင့်စွာဖြင့် “ဟေ..တကယ်လား။ နင်ဘယ်လိုလုပ်မှာလဲ” ဟု မေးလေသည်။
အမျိုးသမီးဝန်ထမ်းက “ခဏစောင့်။ ကြည့်နေ ..ငါလုပ်တာကို” ဟုဆိုကာ မျက်နှာကျက်တန်းတွင် ဒူးကွေး၍ ဇောက်ထိုးတွဲလောင်းဆွဲ နေလေ၏။
ထိုအခိုက်တွင်ပင် ရုံးခန်းအတွင်းသို့ သူဌေးဝင်လာပြီး အမျိုးသမီးဝန်ထမ်းကို တွေ့လိုက်ရသောအခါ “ဟဲ့..နင်ဘာတွေလုပ်နေတာလဲ” ဟု မေးရာ အမျိုးသမီးဝန်ထမ်းက “သမီးက မီးလုံးတစ်လုံးပါ” ဟု ဖြေလိုက်၏။
သူဌေးက “အင်း..နင်အလုပ်တွေလုပ်ရတာ အရမ်းများပြီး ရူးကြောင်ကြောင်ဖြစ်နေပြီထင်တယ်။ ဒီနေ့တော့ နင် ..နားဖို့လိုတယ်လို့ ငါထင်တယ်” ဟု ဆိုကာ ရုံးဆင်းခွင့်ပြုလိုက်လေသည်။
အမျိုးသမီးဝန်ထမ်း ရုံးအတွင်းမှ ထွက်သွားချိန်တွင် အမျိုးသား ဝန်ထမ်းကလည်း နောက်မှ လိုက်ထွက်သွားရာ သူဌေးက အမျိုးသားဝန်ထမ်း၏ တင်ပါးအား စက္ကူလိပ်ဖြင့် ရိုက်လိုက်ပြီး “ မင်းက..ဘယ်သွားမလို့လဲ” ဟု မေးရာတွင် အမျိုးသားဝန်ထမ်း ပြန်လည်ဖြေကြားလိုက်ပုံကား…
“ကျွန်တော်လည်း အိမ်ပြန်တော့မလို့ပါ သူဌေး။ မီးလုံးမရှိတော့ဘူးဆိုတော့ အမှောင်ထဲမှာ အလုပ်လုပ်လို့ မရလို့ပါ” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)