ရန်ကုန်မြို့မှာ ပထမဆုံးအ ကောင်အထည်ဖော်ခဲ့တဲ့ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို ပြောရရင် Junction 8 လို့ ခေါ်ဝေါ်နေကြတဲ့ ရှစ်မိုင်လမ်းဆုံ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်ပါတယ်။
ယခင် မြို့ ရွာနှင့် အိုးအိမ်ပြန်လည်ဖွံ့ဖြိုးရေး ဌာနက တာဝန်ယူပြီး စီမံကိန်းရေး ဆွဲဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်လာတဲ့အ တွက် ယနေ့ခေတ် မျက်စိနဲ့ကြည့် ရင် အဲဒီအိမ်ရာအဆောက်အအုံ တွေဟာ ပြန်လည်ဟောင်းနွမ်း သွားပြီဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မြို့ပြကို အမြဲ ပြန်လည်ဆန်းသစ်အောင် ဆောင် ရွက်တဲ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံ ဟာ ရှေ့တန်းက ပါဝင်တာတွေ့ရှိ ရပါတယ်။
၁၉၇၀ ပြည့်နှစ်အလွန် မှစပြီး အိမ်ထောင်စုအားလုံးအ တွက် အိမ်ရာတွေ ပြည့်မီရုံမျှမက ပိုလျှံအောင် ဖြည့်ဆည်းပေးပြီးတဲ့ နောက်မှာ နေထိုင်မှုအဆင့်ကို မြင့်သည်ထက်မြင့်အောင် အဆောက်အအုံအဟောင်းတွေ ဖြို ပြီး အသစ်အသစ်တွေကို အလုံး အရင်းနဲ့ ပြန်လည်တည်ဆောက်ခဲ့တာပါ။
နိုင်ငံတစ်ဝန်းလုံးက မြို့အသီးသီးမှာ အဲဒီလုပ်ငန်းကို ဇောက်ချပြီး တာဝန်ယူဆောင်ရွက် ပေးဖို့အတွက် ဗဟိုအစိုးရက မြို့ပြပြန်လည်ဆန်းသစ်ရေးအေဂျင် စီ (Urban Renewal Agency) ဆိုတဲ့အဖွဲ့ကို သီးခြားဖွဲ့စည်းထား ပေးခဲ့ပါတယ်။
အိမ်ရာအဟောင်း တွေကိုစွန့်ပြီး အိမ်ရာအသစ်တွေ တည်ဆောက်ပေးခြင်း ဖြစ်ပါတယ်။ အိမ်ရာတိုးပွားမှုနှင့် စနစ်တကျ လူနေသိပ်သည်းမှုမြှင့်တင် ရေးကိုပါ ဆောင်ရွက်နိုင်ခဲ့တာဖြစ် ပါတယ်။ ရပ်ကွက်အဟောင်းတွေ ကိုပါ ရပ်ကွက်အသစ်ဖြစ်အောင် ပြုပြင်ဖန်တီး ပေးနိုင်တာလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရေးအတွက် လိုအပ်တဲ့ ဥပဒေများကိုပါ ပြဋ္ဌာန်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ အိမ်ရာလိုအပ်ချက် မပြည့်မီသေး တဲ့ကာလမှာ အိမ်အို၊ အိမ်ဟောင်း တွေမှာပဲ အများစု နေထိုင်နေကြရဆဲပါ။
အာဆီယံနိုင်ငံတွေထဲမှာ ၂၀၁၆ ခုနှစ် Per Capital GDP ကိုကြည့်ရင် မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ် လာ ၁,၂၁၂ ဒေါ်လာနဲ့ နံပါတ် (၉) နေရာမှာရှိပြီး ဒုတိယအနည်းဆုံး ဖြစ်နေပါတယ်။
လာအိုနိုင်ငံဟာ အမေရိကန်ဒေါ် လာ ၁,၇၈၇ ဒေါ်လာနဲ့ မြန်မာနိုင်ငံ အထက်မှာရှိပြီး ကမ္ဘောဒီးယား နိုင်ငံက ၁,၁၄၄ ဒေါ်လာနဲ့ အောက်ဆုံး နံပါတ် (၁၀) မှာရှိတာ တွေ့ရှိ ရပါတယ်။ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၅၂,၈၈၈ ဒေါ် လာနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
ခပ်လွယ်လွယ်၊ ခပ်ရှင်းရှင်း ပြောရရင် GDP မြင့်တဲ့နိုင်ငံတွေ မှာ အိမ်ရာအသစ်တွေများပြီး GDP နိမ့်တဲ့နိုင်ငံတွေမှာ အိမ်ရာ အဟောင်းတွေ များတာပါပဲ။ စင် ကာပူနဲ့ မြန်မာဟာ အဆပေါင်း ၄၀ ကျော် ကွာခြားနေပါပြီ။
မြို့ပြပြန်လည်ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် အဓိကကျ တဲ့နေရာတွေမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ဝန်းကျင်မှာ တည် ဆောက်ခဲ့တဲ့ ‘အငှားအိမ်ရာစခန်း’ တွေဟာ အရေးကြီးဆုံးပါပဲ။
ယခင်အစိုးရ လက်ထက်မှာ ဗဟန်းလင့်လမ်း အိမ်ရာနဲ့ ၅၁ လမ်း အိမ်ရာစခန်း တွေကို ပြန်လည်ဖွံ့ဖြိုးရေးဆောင် ရွက်ခဲ့ပြီး ယခုအစိုးရလက်ထက် မှာ လမ်းမတော် လမ်းသစ်အိမ်ရာ စခန်းနဲ့ ဇဝနအိမ်ရာစခန်းကို ဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။
အရေအတွက် အမြောက်အမြားဖြစ်နေတဲ့ မြို့ပြစီမံကိန်း အဟောင်းတွေကို အသစ်အနေနဲ့ အမြန်ဆုံး ပြန်လည် စီမံခန့် ခွဲဖို့  အစိုးရအနေနဲ့  လုပ်ဆောင်ဖို့ လိုအပ်နေဦးမှာဖြစ်ပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com