အိမ်ခြံမြေအရောင်းအဝယ် နှေးသော်လည်းအဌားဈေးကွက် ပြန်လည်လှုပ်ရှားလာပြီး ယခုလပိုင်းအတွင်း စက်မှုဇုန်နှင့်ဂိုဒေါင်များကို နိုင်ငံခြားသားလုပ်ငန်းရှင်များ ဌားရမ်းမှုများပြားလာကြောင်းသတင်းရရှိသည်။
“နိုင်ငံခြားသားတွေ ဂိုဒေါင်တွေကိုနောက်ပိုင်းပိုပြီး ဌားလာကြတယ် မြို့ သစ်ဘက်ကဂိုထောင်တွေ အဌားလိုက်တယ် “ ဟု အိမ်ခြံမြေ အကျိုးဆောင် ဦးဝင်းအောင်ကပြောပြသည်။
စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူများသည် အပိုင်ဝယ်ခြင်းထက်ဌားရမ်းမှုကို ပိုမိုလုပ်ဆောင်လာကြပြီး ဌားရမ်းသူအရေအတွက်သာပိုမို များပြားလာခြင်းဖြစ်တယ်လို့  အကျိုးဆောင်တွေက ဆိုပါတယ်။
တိုင်းပြည်၏ စီးပွားရေးကျဆင်းနေသည်ဟု အများစုကဆိုသော်လည်း လက်တွေ့ တွင် အရောင်းပိုင်းအားနည်းနေသော်လည်း အဌားမှာအလုပ်ဖြစ်နေဆဲဟု ငွေလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဒေါ်မိမိစံကဆိုသည်။
မြို့ တွင်းပိုင်းတွင်လည်း ဝါတွင်းကာလသို့ ရောက်ခါနီးပြီးဖြစ်သော်လည်း အိမ်ခြံမြေ အဌားမှာ ပုံမှန် အလုပ်ဖြစ်နေပြီး လျှော့ဈေးဖြင့်ရောင်းချသည့်အချို့ တိုက်
ခန်းများလည်း အရောင်းအဝယ် အနည်းငယ်ဖြစ်နေကြောင်း ၄င်းကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com