အစိုးရကရောင်းချသည့် တန်ဖိုးနည်းအိမ်ယာပမာဏသည် ရောင်းချပေးသည့် ပမာဏထက်ဝယ်ယူလိုသည့် ပမာဏများပြားနေခြင်းကို ဖြေရှင်းရန်လိုအပ်ကြောင်းကျွမ်းကျင်သူများကဆိုသည်။
အစိုးရက ရောင်းချရန် ထုတ်ပြန်လိုက်သည့် ပမာဏမှာ ရာဂဏန်းကျော်ရှိပြီး ဝယယူလိုသည့်ပမာဏမှာ အမြဲတမ်း ထောင်ဂဏန်းနီးပါးအထိ အရေအတွက်ရှိနေသောကြောင့် ယင်းပြသနာကို အကောင်းဆုံးအမှန်ကန်ဆုံးနည်းဖြင့် စီမံခန့် ခွဲရန်လိုအပ်တယ်လို့  အိမ်ခြံမြေလုပ်ငန်းရှင် ဒေါ်မိမိစံကပြောသည်။
တန်ဖိုးနည်းအိမ်ရာလျှောက် ထားသူ မိသားစုဝင်ငွေသည် တစ် လကျပ်သုံးသိန်းမှ ကျပ်ငါးသိန်း ကြားရှိရမည်ဖြစ်ပြီး တန်ဖိုးသင့် အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်းကြား ရှိရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ဝယ်ယူလိုသူသည် ပထမအဆင့် ငွေသွင်းရာ၌ ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါ က ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။
အဆိုပါသတ်မှတ်ချက်များမှာလည်း ဝင်ငွေနည်းပြည်သူများအတွက် အခက်အခဲတစ်ခုဖြစ်နေကြောင်းမြို့ ပြဆိုင်ရာ ကျွမ်းကျင်သူများကပြောသည်။
တန်ဖိုးနည်းအိမ်ယာတစ်ခုဆောက်လုပ်ပါက အခန်းရာကျော်ဖြင့် ဆောက်လုပ်ခြင်းထက် မြေဧရိယာ ကျယ်ကျယ်တွင် အခန်းထောင်နှင့်ချီ ပေါ်ထွက်အောင် အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်သင့်ကြောင်း မြို့ ပြပညာရှင်
ဦးမြင့်ဆွေကပြောသည်။
“ အခုဆောက်နေတာ ဆင့်ပါးစပ်ကိုနှမ်းပက်သလို ဖြစ်နေတယ် အိမ်ယာလိုနေတဲ့သူတွေကို ဘယ်လိုမှ ထိထိရောက်ရောက်မရှိဘူး “ ဟု ၄င်းကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com