ရန်ကုန်တိုင်းအစိုးရအ စီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းအမျိုးအ စားနှင့် အိမ်ရာတည်ရှိမည့်နေရာကို ဇူလိုင် ၂၅ နှင့် ၂၆ ရက်တွင် မဲနှိုက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ အိမ်ရာစီမံ ကိန်းများရောင်းချရေးကြီးကြပ်မှု ကော်မတီက သတင်းထုတ်ပြန် သည်။
ပြည်သူ့အိမ်ရာ အိမ်ခန်းများကို ပထမအသုတ်အဖြစ် ဗိုလ်ချုပ် လမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် ဝယ်ယူခွင့်ရသူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့်အတူ လူကိုယ် တိုင်လာရောက်မဲနှိုက်ရန် အဆိုပါ ကော်မတီက ဇူလိုင် ၂၃ ရက်၌ အသိပေးထုတ်ပြန်သည်။
ပထမအုပ်စုမိသားစုဝင်ငွေ ကျပ်ငါးသိန်းအထက် ဝယ်ယူခွင့် ရရှိသူများနှင့် ဒုတိယအုပ်စုဝင်ငွေ ကျပ်ငါးသိန်းအောက် ဝယ်ယူခွင့် ရရှိသူစုစုပေါင်း ၈၆၄ ဦးသည် ရွှေပေါက်ကံ၊ ရွှေလင်ဗန်း၊ ယုဇန နှင့် ကနောင်မှ တန်ဖိုးနည်းအိမ်ရာ များကို ဇူလိုင် ၂၅ မှ ၂၆ ရက် အထိ မဲနှိုက်မည်ဖြစ်သည်။
‘‘ကိုယ်မဲပေါက်တဲ့ အခန်းနဲ့ ကွက်တိဖြစ်တယ်၊ အဆင်ပြေတယ်ဆိုရင် ၂၀ ရာခိုင်နှုန်းငွေပေး ချေပြီး တက်နေလို့ရပြီ။ ဒါပေမဲ့အုံနာဘုတ်ကတော့ ငွေအကုန် လုံးကျေသွားမှ ရမှာပါ’’ဟု ကော်မတီဝင် ဦးညီညီက ပြောသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တွင် သာမန်ပြည်သူ၊ ကုမ္ပဏီဝန် ထမ်း၊ နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်း စားဝန်ထမ်းတို့ ပါဝင်သည်။
ယခုတစ်ကြိမ်တွင် ဝယ်ယူ ခွင့်မဲမပေါက်ဘဲ ကျန်ခဲ့သူများကို တန်းစီဇယားဖြင့် ထားရှိပြီး နောက်ထပ်မံရောင်းချမည့် တိုက်ခန်းများ ဝယ်ယူခွင့်ရရှိအောင် ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးညီညီက ပြောသည်။
လျှပ်စစ်နှင့် အကောက်ခွန် ဝန်ထမ်းများအတွက် အခန်း ၁၄၀ ကို ချန်ပြီး ကျန်ရှိသည့် အခန်း၈၆၀ ကျော်ကို လျှောက်ထားသူ ခြောက်ထောင်ကျော်ထဲမှ မဲနှိုက် ရွေးချယ်ခဲ့သည်။
တန်ဖိုးနည်းအိမ်ရာလျှောက် ထားသူ မိသားစုဝင်ငွေသည် တစ် လကျပ်သုံးသိန်းမှ ကျပ်ငါးသိန်း ကြားရှိရမည်ဖြစ်ပြီး တန်ဖိုးသင့် အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်းကြား ရှိရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထား သည်။
ဝယ်ယူလိုသူသည် ပထမအ ဆင့် ငွေသွင်းရာ၌ ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါ က ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။
Credit: 7Daydaily