အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Jul 2018 12:36 pm တွင် တင်ခဲ့သည်
2320 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်း၊ ဒီဆိုတိုခရိုင်တွင် တည်ရှိပြီး အပန်းဖြေခြင်း၊ သဘာဝအလှနှင့် ဝင်ငွေအလားအလာရှိခြင်းများ ရောယှက်နေသည့် ယာတောခြံကြီးဖြစ်ပြီး BR Ranch ဟု လူသိများသည်။

ကျွဲနွားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့် မြက်ခင်းဧရိယာမှာ ဧကပေါင်း ၁၉၀၀ ခန့်အထိ ပါဝင်ပြီး နေအိမ်အဆောက်အအုံ ၂ လုံး၊ စပါးကျီ ၂ ခုနှင့် ငါးမွေးမြူနိုင်သည့် ရေကန်များစွာ ပါဝင်သည်ဟု အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေကုမ္ပဏီ Kohler & Associates ၏ ကြော်ငြာတွင် ဖော်ပြသည်။

ငှက်မျိုးစိတ် အားလုံးနီးပါး တွေ့ရှိရနိုင်ပြီး အထူးသဖြင့် ဆောင်းတွင်းကာလများတွင် ဖြစ်ကြောင်းလည်း Kohler & Associates ၏ ပိုင်ရှင်ဖြစ်သူ မစ္စတာ ခိုလာက ပြောကြားသည်။

ယာတောကြီးအတွင်း နေအိမ်အဆောက်အအုံ ၂ လုံးပါဝင်ပြီး The Cypress Lodge နှင့် The Ranch House ဟု အမည်ပေးထားသည်။

Cypress Lodge သည် ၂၉၀၀ စတုရန်းပေရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်း၊ ကျောက်တုံးမီးလင်းဖိုတစ်ခု ပါဝင်သည့်ဧည့်ခန်း၊ အိမ်တွင်းအိမ်ပြင် ဖြန့်ကျက်တည်ရှိသည့် ညစာစားနေရာတို့ ပါဝင်သည်။

အခြားအဆောက်အအုံတစ်လုံးဖြစ်သော The Ranch House ကို ပွန်ဒီရိုဆာ The Ponderosa ဟုလည်း ခေါ်ဆိုကြပြီး လူနေကြမ်းခင်းဧရိယာအကျယ်အဝန်း ၃၀၃၇ စတုရန်းပေ ကျယ်ဝန်းသည်။

နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ ကျောက်တုံးမီးလင်းဖိုတစ်ခုပါသည့် ဧည့်ခန်း၊ စကျင်ကျောက်ခင်း ကောင်တာများ၊ စတီးအသုံးအဆောင်ပစ္စည်းများထည့်သွင်းပေးထားသည့် မီးဖိုဆောင်တို့လည်း ပါဝင်သည်။

ယာတောကြီးတွင် ဝင်ငွေရလမ်း အလားအလာကောင်းများရှိပြီး လက်ရှိအားဖြင့် ဧကပေါင်း ၃၀၀ ကျော်ကို တစ်ဧကလျှင် ကန်ဒေါ်လာ ၅၀၀ ဖြင့် အာလူး၊ ဖရဲ၊ ဟင်းသီးဟင်းရွက်တို့ စိုက်ပျိုးရန် အငှားချထားလျက်ရှိသည်။

လက်ရှိပိုင်ရှင်များဖြစ်သော မိုက်ကယ် ဘေရွန်နှင့် ဂျွိုက်စ်ဘေရွန်တို့သည် ဖလော်ရီဒါပြည်နယ်တွင် ထင်ရှားသည့် developer များဖြစ်ခဲ့ကြကြောင်း မစ္စတာခိုလာက ပြောကြားသည်။

ပိုင်ရှင်များသည် တောင်ဖလော်ရီဒါတွင် အရေးပါသည့်ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့၏ ဖောက်သည်များကို ဖျော်ဖြေမှုပေးရန်အတွက် ယာတောခြံများစွာ ဝယ်ယူထားခဲ့ရာ ယခုခြံလည်း အပါအဝင်ဖြစ်သည်ဟု မစ္စတာခိုလာက ထုတ်ဖော်ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း မိုက်ကယ်ဘေရွန်သည် နေပယ်မြို့ ရှိ ဧက ၂၅၀၀ ကျယ်ဝန်းသော မြေကွက်ကြီးကို ဘီလျံနာ developer ကြီးတစ်ဦးဖြစ်သော ဂျက်ဖ် ဂရီးနီးထံ ကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်းဖြင့်ေ ရာင်းချခဲ့ဖူးသည်။

ယခုယာတောခြံကြီးကို ရောင်းထုတ်ရသည့် အကြောင်းရင်းမှာ စီးပွားရေးလုပ်ငန်းများ အရှိန်လျော့ရမည့် အသက်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ဧကပေါင်း ၄၀၄၇ ဧကရှိပြီး စားကျက်မြေ ၁၉၀၀ ဧက ပါဝင်သည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service