သီရိလင်္ကာနိုင်ငံ၏ မြို့ တော် ကိုလံဘိုတွင် သီရိလင်္ကာအစိုးရနှင့် CHEC Port City Colombo ကုမ္ပဏီတို့ ပူးတွဲအကောင်အထည်ဖော်နေသည့် ကိုလံဘိုဆိပ်ကမ်းမြို့ တော်ကြီးကို ဆောက်လုပ်နေသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။
ယခုအခါ အဆိုပါစီမံကိန်းကြီးကို ၂၀၄၁ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်မည်ဟု လျာထားလာခြင်းလည်း ဖြစ်သည်။
CHEC Port City Colombo ကုမ္ပဏီသည် တရုတ်နိုင်ငံပိုင် CCCC ကုမ္ပဏီကြီး၏ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်သည်။
ကိုလံဘိုဆိပ်ကမ်းစီမံကိန်း၏ မြေအကျယ်အဝန်းမှာ ၂၆၉ ဟက်တာရှိပြီး အပြီးသတ်ဆောက်လုပ်ပြီးစီးပါက ကန်ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိမည်ဟု ခန့်မှန်းထားသည်။
ကိုလံဘိုဆိပ်ကမ်းမြို့ တော်တွင် (၁) Financial District (၂) Central Park Living (၃) Island Living (၄) The Marina နှင့် (၅) the International Island ဟူ၍ အပိုင်း ၅ ပိုင်းခွဲကာ အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ပင်လယ်ပြင်အတွင်း မြေဖို့ကာ မြေနေရာဖော်ထုတ်မည့် ဖော်ထုတ်မြေနေရာများလည်း ပါဝင်သည်။
ဖော်ထုတ်မြေနေရာ ၂၆၉ ဟက်တာရှိမည်ဖြစ်ရာတွင် ၁၇၃ ဟက်တာကို ရောင်းချနိုင်မည့် မြေနေရာများအဖြစ် ရည်ရွယ်ထားပြီး အဆိုပါမြေနေရာများအား တောင်အာရှ၏ ကူးသန်းရောင်းဝယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဗဟိုချက်တစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည်။
Skidmore, Owings & Merrill LLP (SOM) အမည်ရှိ ဒီဇိုင်းအဖွဲ့က (၁) Financial District နှင့် (၄) The Marina တို့ကို တာဝန်ယူသွားမည်ဖြစ်ကြောင်း CHEC Port City Colombo က ထုတ်ဖော်ကြေညာထားသည်။
အနာဂတ်တိုးတက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတို့ကို ဦးစားပေးရည်ရွယ်ထားကြောင်း၊ ဆိပ်ကမ်းမြို့ တော်တွင် နေထိုင်မည့်သူများနှင့် လာရောက်လည်ပတ်မည့်သူများကို အရည်အသွေးမြင့်သည့် မြို့ ပြဝန်းကျင်မျိုး ပေးစွမ်းနိုင်ရန် ကတိပြုကြောင်း SOM က ထုတ်ပြန်ထားသည်။
SOM ဗိသုကာအဖွဲ့ကို နိုင်ငံတကာဒိုင်အဖွဲ့ဖြင့် ကန့်ကွက်သူမရှိဘဲ ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)