ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက်

ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
23 Jul 2018 10:27 am တွင် တင်ခဲ့သည်
1900 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရွှေဈေးသည် တစ်လကျော်အတွင်း ကျပ်တစ် သောင်းကျော်တက်လာပြီး ဇူလိုင် ၂၁ ရက်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၉၄၆,၀၀၀ ပေါက်ဈေးရှိလာသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် ဇွန်လ ၁၄ ရက်တွင် တစ် ကျပ်သားလျှင် ကျပ် ၉၃၅,၀၀၀ မှ တစ်လကျော်အတွင်း ကျပ်တစ် သောင်းကျော်မြင့်တက်လာခြင်း ဖြစ်သည်။

‘‘ကမ္ဘာ့ရွှေဈေးကျလို့ ပြည် တွင်းရွှေဈေးက ၉၄၀,၀၀၀ ကျော် မှာရှိနေတာပါ။ ကမ္ဘာ့ရွှေဈေးသာ ပုံမှန်ဆိုရင် အခုဒေါ်လာဈေး ၁,၄၀၀ ကျော်အရ ပြည်တွင်းရွှေ ဈေးက ၉၈၀,၀၀၀ ကျော်လောက် ရှိမှာပါ’’ ဟု တိတ်စိန်ရွှေဆိုင်ပိုင် ရှင်ဦးဇော်အောင်က ပြောသည်။

ဒေါ်လာပေါက်ဈေးသည်ဇွန် လ ၁၄ ရက်တွင် ပြင်ပပေါက်ဈေး ၌ အမြင့်ဆုံးတစ်ဒေါ်လာ ၁,၃၂၅ ကျပ်ပေါက်ဈေးရှိပြီး ဇူလိုင် ၂၁ ရက်၌ ၁,၄၂၅ ကျပ်ရှိသည်။ ထို့ကြောင့် တစ်လကျော်အတွင်း တစ်ဒေါ်လာလျှင် ၇၃ ကျပ်မြင့် တက်သည်။

ရွှေဈေးမြင့်တက်လာသော် လည်း မိုးတွင်းကာလဖြစ်၍ ရွှေ အရောင်းအ၀ယ်နည်းပါးကြောင်း အောင်သမာဓိရွှေဆိုင် အထွေ ထွေမန်နေဂျာဦးမော်က ပြော ကြားသည်။

ပြည်တွင်းရွှေဈေးကွက်တွင် လက်ရှိ၌ အရောင်းအ၀ယ်ပါးပြီး တိုင်းပြည်စီးပွားရေးမကောင်း၍ လက်ဝတ်ရတနာ အပါအ၀င် ရွှေဝယ်ယူမှုနည်းနေသည်ဟု ရွှေ ဆိုင်ပိုင်ရှင် ဦးမြိုင်ကပြောသည်။

‘‘ရွှေဝယ်တာများတဲ့တော သူတောင်သားတွေ လုပ်ငန်းခွင် ၀င်တဲ့ကာလလည်းဖြစ်တယ်။ ပွဲ လမ်းသဘင်နည်းတဲ့ကာလဖြစ် တော့ ရွှေဈေးကျပေမယ့်ဝယ်သူ မရှိဘူးဖြစ်နေတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၀ ရက်က တစ်အောင်စလျှင် ၁,၂၃၁ ဒသမ ၈၅ ဒေါ်လာဖြင့်ဈေး ပိတ်ခဲ့သည်။ ဇွန်လ ၁၄ ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁,၂၉၆ ဒသမ ၉ ဒေါ်လာရှိသည်။ ကမ္ဘာ့ရွှေဈေးလည်း တစ်လကျော် အတွင်း တစ်အောင်စလျှင် ၆၅ ဒေါ်လာကျဆင်းခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service