မြန်လိုက်တဲ့ နာရီ(အိမ်ခြံမြေလောက အသောအထေ့ ဟာသများ)

မြန်လိုက်တဲ့ နာရီ(အိမ်ခြံမြေလောက အသောအထေ့ ဟာသများ) - Property News in Myanmar from iMyanmarHouse.com
17 Jul 2018 12:06 pm တွင် တင်ခဲ့သည်
3699 ကြိမ် ကြည့်ရှု့ပြီး
ရပ်ကွက်တစ်ခုတွင် အိမ်ခြံမြေအကျိုးဆောင်ကြီး ကွယ်လွန်သွားပြီးနောက် တစ်လခန့်အကြာတွင် ဘေးအိမ်တွင် နေထိုင်သည့် မိန်းကလေးငယ်တစ်ဦးလည်း ကွယ်လွန်သွား၏။

မိန်းကလေးငယ်သည် ကောင်းကင်ဘုံ၏ ဂိတ်တံခါးဝတွင် စိန့်ပီတာနှင့် တွေ့ဆုံရလေသည်။

စိန့်ပီတာ၏နောက်တွင် နာရီပေါင်းများစွာ ချိတ်ဆွဲထားသည့် ကျောက်တံတိုင်းကြီးတစ်ခုကို တွေ့သဖြင့် မိန်းကလေးက….

“နာရီတွေ အများကြီးပဲ ဘာလုပ်တာလဲ..အရှင်” ဟု မေးမြန်းရာ စိန့်ပီတာက …

“ဒါတွေက လိမ်ညာမှုမှတ်တမ်းနာရီတွေပေါ့ကွယ်” ဟု ပြန်လည်ဖြေကြား၏။

“ကမ္ဘာပေါ်က လူတစ်ဦးချင်းစီရဲ့ လိမ်ညာမှုတွေကို မှတ်တမ်းတင်တဲ့ နာရီတစ်ခုစီရှိတယ်ကွဲ့။ သမီးလိမ်ညာမှုတစ်ခု ပြုလိုက်တာနဲ့ နာရီလက်တံက ရွေ့သွားတာပေါ့” ဟု စိန့်ပီတာက ဆိုရာ

(မိန်းကလေး)“အိုး..ဒါဆို ရပ်ကွက်ထဲက သင်းအုပ်ဆရာတော်ရဲ့ နာရီက ဘယ်မှာပါလဲရှင်”

(စိန့်ပီတာ)“ ဒါက သင်းအုပ်ဆရာတော်ရဲ့ နာရီပါပဲ။ နာရီလက်တံတွေ လုံးဝမရွေ့သေးတာကို ကြည့်ရင် သူ့တစ်ဘဝလုံးမှာ လိမ်ညာမှု တစ်ကြိမ်မှ မလုပ်သေးဘူးဆိုတာ တွေ့ရပါတယ်”

(မိန်းကလေး) “သမီး ဖေဖေရဲ့ နာရီကကော အရှင်” ဟု မေးရာ စိန့်ပီတာ၏ လက်ထဲတွင် နာရီတစ်လုံး ရုတ်တရက်ရောက်ရှိလာပြီး..

(စိန့်ပီတာ) “ဒါက သမီးအဖေရဲ့နာရီပေါ့။ နာရီလက်တံက ၂ ကြိမ်ပဲ ရွေ့သေးတာကို ကြည့်ရင် သမီးဖေဖေဟာ သူ့တစ်သက်လုံးမှာ ၂ ကြိမ် လိမ်ညာမှုလုပ်ထားပါတယ် ”

(မိန်းကလေး) “သမီးတို့ ခေါင်းရင်းအိမ်က အိမ်ခြံမြေအကျိုးဆောင်ကြီးရဲ့ နာရီကကော အရှင်” ဟု မေးရာ စိန့်ပီတာ ဖြေလိုက်သည်ကား….

(စိန့်ပီတာ) “သူ့ရဲ့နာရီကတော့ ယေရှုခရစ်ရဲ့ ရုံးခန်းမှာ ရောက်နေပါတယ်ကွယ်။ ယေရှုက အဲဒီနာရီကို မျက်နှာကြက်ပန်ကာလုပ်ထားတယ်” ဟူသတည်း။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service