နေပြည်တော်အား Entertainment City အဖြစ် အကောင်အထည်ဖော်နိုင်ရေး အတွက်ရုပ်ရှင်စတူဒီယိုများတည်ဆောက်ပြီးရုပ်ရှင်ရိုက်ကူးရန်သင့်လျော်သည့် မြို့တော်အဖြစ် ဖိတ်ခေါ်သည့် မှတ်တမ်းရုပ်ရှင်ပြသသည့် အစီအစဉ်အား ရန်ကုန်မြို့ ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲတွင် ပြုလုပ်ခဲ့သည်။
ယခုဆိုလျှင်နေပြည်တော်သည် ရာသီဥတုယခင်ထက်တိုးတက်ကောင်းမွန်လာပြီး ပတ်ဝန်းကျင်သည်လည်း စိမ်းလန်းစိုပြည်လှပသည့်နေချင်စဖွယ်မြို့ဖြစ်လာသည်။
Entertainment City အားနေပြည်တော်တွင်ဖော်ဆောင်သည်ဆိုတာကလည်းမြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေး၊မြန်မာနိုင်ငံရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရန်နှင့် နေပြည်တော်အတွက်လည်း စိတ်ဝင်စားဖွယ်ဖြစ်လာရန် ရည်ရွယ်သည်။
Entertainment City အကောင်အထည်ဖော်ရာတွင် ဖလင်ဇုန်၊ရုပ်ရှင်နယ်မြေ များအဖြစ် ဖော်ဆောင်သွားမည်ဖြစ်သည်။
ဖလင်ဇုန် ၁ အား ဥတ္တရသီရိမြို့နယ် ပုဗ္ဓသီရိမြို့အကြား၊နေပြည်တော်၏ အဓိက လမ်းမကြီးဖြစ်သော ရာဇသိင်္ခလမ်းနှင့် သီရိမဏ္ဍိုင်လမ်းထောင့်မှ မင်္ဂလာအဝိုင်းထိ ဧက ၅ဝ လျာထားကာ တောတောင်တန်းများ၊ရွာခန်းများ၊
အပန်းဖြေစခန်းများရိုက်ကူးနိုင်ရန်အတွက် ဖလင်ဇုန် ၁ နှင့် ၅မိနစ်အကွာအဝေးတွင် ဖလင်ဇုန် ၂ အား လျာထားသည်။
ရုပ်ရှင်စတူဒီယို စတင်ပေါ်ပေါက်ခဲ့သည့်အကြောင်းအရင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သည် ရုပ်ရှင်လောကသားများနှင့် အခါအားလျော်စွာ တွေ့ဆုံပြီး မြန်မာ့ရုပ်ရှင်လောက တိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်
မည်သို့ကူညီဆောင်ရွက်ပေးစေလိုကြောင်း မေးမြန်းမှုအပေါ် ရုပ်ရှင်လောက သားများမှ ရုပ်ရှင်စတူဒီယိုတည်ရှိရန်နှင့် ရုပ်ရှင်အနုပညာသင်တန်းကျောင်းများ၊အနုပညာ၊အတတ်ပညာနှင့် ပတ်သက်သည့် သင်တန်းကျောင်းများ ရှိလာစေရန်
တောင်းဆိုအပေါ် နိုင်ငံတော်အနေဖြင့် အစွမ်းကုန်ကူညီပေးမည်ဟု ပြောဆို
ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး မှ ရှင်းပြသည်။
Credit :Pyi Myanmar