ဘုန်းတော်ကြီးတစ်ပါးနှင့် အိမ်ခြံမြေအကျိုးဆောင်ကြီးတို့ ကွယ်လွန်ပြီးနောက်တွင် ကောင်းကင်ဘုံသို့ ရောက်ရှိသွားကြ၏။
ကောင်းကင်ဘုံ၏ ဂိတ်တံခါးတွင် စိန့်ပီတာနှင့် တွေ့လေသည်။
ကောင်းကင်ဘုံတွင် သွားလာကြည့်ရှုနိုင်ရန်အတွက် ယာဉ်များ စီစဉ်ပေးမည်ဖြစ်ကြောင်း စိန့်ပီတာက ၎င်းတို့နှစ်ဦးကို ပြောကြား၏။
ယင်းနောက် အိမ်ခြံမြေအကျိုးဆောင်ကြီးကို အဖြူရောင် မာစီးဒီးကားကြီးတစ်စီးပေးလိုက်ပြီး ဘုန်းတော်ကြီးကိုမူ စက်ဘီးတစ်စီး ပေးလိုက်၏။
ထိုအခါ ဘုန်းတော်ကြီးက “တဆိတ်လောက်..အရှင်။ အိမ်ခြံမြေအကျိုးဆောင်ကြီးကို မာစီးဒီးပေးပြီး ကျုပ်ကျတော့ စက်ဘီးပဲပေးတယ်။ ဘာဖြစ်လို့ပါလဲ အရှင်” ဟု မေးရာ စိန့်ပီတာ ပြန်လည်ဖြေကြားလိုက်သည်ကား….
“အိုး…ကျုပ်တို့ ကောင်းကင်ဘုံမှာ ဘုန်းတော်ကြီးတွေ အများကြီးပဲ ရောက်နေပြီ။ ဒါပေမယ့် အိမ်ခြံမြေအကျိုးဆောင်ကတော့ ပထမဆုံး ရောက်လာတဲ့သူပဲ” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)