ရန်ကုန်တိုင်းအစိုးရတည်ဆောက်၍ အငြိမ်းစားဝန်ထမ်းများ ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ အစိုးရချပေးသည့် ဘဏ္ဍာငွေပေါ်မူတည်၍ အခန်းတန်ဖိုးသတ်မှတ်မည်ဟုဆို

ရန်ကုန်တိုင်းအစိုးရတည်ဆောက်၍ အငြိမ်းစားဝန်ထမ်းများ ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ အစိုးရချပေးသည့် ဘဏ္ဍာငွေပေါ်မူတည်၍ အခန်းတန်ဖိုးသတ်မှတ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Jul 2018 12:24 pm တွင် တင်ခဲ့သည်
2532 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် တည်ဆောက်မည်ဖြစ်သော အငြိမ်းစားဝန်ထမ်းများအား ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာအတွက် အစိုးရချပေးသည့် ဘဏ္ဍာငွေပေါ်မူတည်၍ အခန်းတန်ဖိုးသတ် မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဇူလိုင် ၁၀ ရက်၌ ပြောဆိုသည်။

"တည်ဆောက်စရိတ်နဲ့ပတ်သက်ပြီး အဖွဲ့လေးဖွဲ့ကို တင်ဒါပေးထားတယ်။ ကုန် ကျစရိတ် အခန်းတန်ဖိုးတွေကတော့ အစိုးရ ဘက်က ချထားပေးတဲ့ဘတ်ဂျက်ကျလာမှ သိရမယ်။ အဲဒီအချိန်ကျရင် ဒေါ်လာဈေး ကျသွားရင် ပိုအဆင်ပြေနိုင်မယ်"ဟု ၎င်းက ပြောဆိုသည်။

+++ ကျပ်သိန်း ၁၃၀ ခန့်အထိ +++

အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်း အိမ်ရာများတည်ဆောက်ရန် ယခင်က တစ်ပေပတ်လည်ကို ကျပ် ၂၀,ဝ၀ဝ နှုန်းခန့် ဖြင့်တည်ဆောက်ပေးရန် အဆိုပြုလွှာတင်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ အခန်းအကျယ်အဝန်းအား သုံးမျိုးခန့်တည်ဆောက်ပေးမည်ဖြစ်ပြီး အနည်းဆုံး ၄၅၀ စတုရန်းပေမှ အများဆုံး ၆၅၀ စတုရန်းပေခန့်အထိ တည်ဆောက် မည်ဖြစ်ကြောင်း၊ အဆိုပါ နှုန်းထားအတိုင်း တွက်ချက်ပါက အခန်းတန်ဖိုးသည် ကျပ်သိန်း ၉၀ မှ ကျပ်သိန်း ၁၃၀ ခန့်အထိ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

+++ အပြောင်းအလဲရှိနိုင် +++

သို့သော် ယခုဒေါ်လာဈေးနှုန်းများတက် လာသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ ဈေးတက်ကာ တည်ဆောက်စရိတ်များ အပြောင်းအလဲဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါအိမ်ရာများ အကောင်အထည် ဖော်ရန်အတွက် အစိုးရဘက်မှ မြေနေရာရှာ ပေးပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ အသင်းက တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service