ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်

ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
12 Jul 2018 12:22 pm တွင် တင်ခဲ့သည်
2083 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၈ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်ခဲ့ကြောင်း ဗီယက်နမ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိမ်ခြံမြေနယ်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၅ ဒသမ ၅၄ ဘီလီယံရှိခဲ့ရာ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၃ ရာခိုင်နငန်းအထိ ရှိခဲ့ကြောင်း ဖော်ပြသည်။

စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့နည်းတူ ဗီယက်နမ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ ထိပ်တန်းဦးစားပေးရွေးချယ်သည့် နိုင်ငံများတွင် ပါဝင်ပြီး အဓိကအားဖြင့် အခြေခံအဆောက်အအုံနှင့် အိမ်ခြံမြေဈေးကွက်တို့တွင် ဖြစ်သည်။

ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တွင် ရှေးယခင်ကတည်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သည်မှာ စင်္ကာပူနှင့် တောင်ကိုရီးယားတို့မှဖြစ်ပြီး ယခုအခါတွင် ဂျပန်၊ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ ရင်းနှီးမြှုပ်နှံသူများပါ ဝင်ရောက်လာလျက်ရှိကြသည်။

“အခြေခံအဆောက်အအုံနဲ့ အိမ်ခြံမြေဈေးကွက်တွေဟာ ဗီယက်နမ်မှာ အားကောင်းနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီဖွံ့ဖြိုးမှုတွေကို သိမြင်ပြီးတဲ့နောက် ဒီနယ်ပယ်တွေမှာ အခွင့်အလမ်းတွေ ဝင်ရောက်ရှာဖွေလာကြပါတယ်” ဟု Royal Institution of Chartered Surveyors of the ASEAN region မှ မန်နေးဂျင်းဒါရိုက် ဒက်စ်တာ ဆီးက ဟိုချီမင်းမြို့တော်တွင် ကျင်းပခဲ့သော “အခြေခံအဆောက်အအုံနှင့် အိမ်ခြံမြေလောက ဖွံ့ဖြိုးရေး- စိန်ခေါ်မှုများနှင့် အခွင့်အလမ်း” အမည်ရှိ ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသည် ဗီယက်နမ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် အိမ်ခြံမြေဈေးကွက်ဆိုင်ရာ အကြောင်းရပ်အမျိုးမျိုးကို ဆွေးနွေးခဲ့ကြသည်။

ဗီယက်နမ် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အိုးအိမ်နှင့် အိမ်ခြံမြေဈေးကွက်စီမံခန့်ခွဲရေး အေဂျင်စီ၏ လက်ထောက် အထွေထွေညွှန်ကြားရေးမှူး ဗူဗန်ဖန်က ပြောကြားရာတွင် အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံကဏ္ဍမှာ များစွာ အရေးပါကြောင်း ပြောကြားသည်။

အရေးပါသည့် မြို့ကြီးများတွင် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန် စီမံကိန်းများ စတင်သည်နှင့် မြို့လယ်နှင့် ဆင်ခြေဖုံးဒေသများရှိ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာပုံကို သာဓကများစွာ ထုတ်ပြခဲ့ပြီး ယင်းသို့သော အခြေအနေမျိုးမှာ အိမ်ခြံမြေဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်လာစေနိုင်ပြီး အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ်ပင် ပေါ်ပေါက်လာတတ်ကြောင်းလည်း ဗူဗန်ဖန်က ထောက်ပြခဲ့သည်။

“အခြားနိုင်ငံတွေမှာလိုပဲ ဗီယက်နမ်ရဲ့ အခြေခံအဆောက်အအုံစနစ် ဖွံ့ဖြိုးမှုလုပ်ငန်းဟာ အိမ်ခြံမြေဈေးကွက်နဲ့ နီးကပ်စွာ ဆက်စပ်နေပါတယ်။ မကောင်းတဲ့ဆိုးကျိုးတွေ ရိုက်ခတ်လာနိုင်မှုကို ထိန်းချုပ်ဖို့အတွက် အစိုးရအနေနဲ့ အဖြေရှာသင့်ပါတယ်” ဟုလည်း မစ္စတာ ဖန်က ဆက်လက်ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service