အိမ်ခြံမြေအကျိုးဆောင်ကြီးတစ်ဦးက ၎င်း၏အကျိုးဆောင်လုပ်ငန်းမှတစ်ဆင့် နေအိမ်ဝယ်ယူလိုက်သူတစ်ဦးထံ အိမ်အရောက်ပို့ ပန်းဆိုင်မှတစ်ဆင့် ပန်းစည်းတစ်စည်း လက်ဆောင်ပေးပို့လိုက်၏။
သို့ရာတွင် ပန်းဆိုင်သည် အခြားနေရာသို့ ပေးပို့ရမည့် ဆုတောင်းကတ်ပြားနှင့် မှားယွင်းချိတ်ဆွဲပေးလိုက်ရာ နေအိမ်သစ်ပိုင်ရှင်ထံ ရောက်ရှိသွားသည့် ပန်းစည်းတွင် ရေးသားထားသည်မှာ..
“ထာဝရငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ” ဟူသည့် ကတ်ပြားဖြစ်နေသည်။
နေအိမ်သစ်ပိုင်ရှင်လည်း များစွာစိတ်ဆိုးသွားပြီး ပန်းဆိုင်သို့ ဆက်သွယ်ရာ ပန်းဆိုင်က မိမိတို့ ပန်းစည်းချင်း မှားယွင်းပို့ဆောင်ပေးခဲ့မိ သည့်အတွက် အထူးဝမ်းနည်းမိပါကြောင်းဖြင့် တောင်းပန်လေသည်။
ပန်းဆိုင်က ပို့လိုက်သည့် အခြားပန်းစည်းမှာ အုတ်ဂူတစ်ခုပေါ်တွင် ရောက်ရှိနေပြီး ကွယ်လွန်သူအတွက် ရည်စူးသည့် ပန်းစည်းတွင် ရေးသားထားသည့် ဆုတောင်းစာကား….
“နေအိမ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)