ပြည်တွင်းငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာ တန်ဖိုး ဇူလိုင် ၁၁ ရက်၌ ၁,၄၀၅ ကျပ်သို့ မြင့်တက်ခဲ့သည်။
ယခု ဒေါ်လာတန်ဖိုးမြင့် တက်ခြင်းသည် ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်း ဆွဲတင်ခြင်း ကြောင့်ဖြစ်ကြောင်း ငွေကြေးဝန် ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေ သူအချို့က ပြောသည်။
ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းသည် ဇူလိုင် ၁၀ ရက်တွင် တစ် ဒေါ်လာ ၁,၃၉၈ ကျပ်မှ ဇူလိုင် ၁၁ရက်၌ တစ်ဒေါ်လာ ၁,၄၀၂ ကျပ်သို့ မြင့်တက်ခဲ့သည်။ ထို့ကြောင့် ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေး ထပ်မံမြင့်တက်ခြင်း ဖြစ်သည်ဟု ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာ တန်ဖိုး ရုတ်တရက်မြင့်တက်ခြင်း သည် ဈေးဆွဲတင်ခြင်း၊ ဈေးကစားခြင်းတို့အပြင် နိုင်ငံရေး အ ခြေအနေနှင့် နိုင်ငံ့ခေါင်းဆောင် များ၏ မိန့်ခွန်းများကလည်း ဈေး ကွက်ကို လှုပ်ခတ်စေကြောင်း ၎င်းက ပြောသည်။
ငွေကြေးဈေးကွက်တွင် ဒေါ် လာတန်ဖိုးသည် ဇူလိုင် ၂ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၈၈ ကျပ် ဈေးဖွင့်ခဲ့သဖြင့် ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၇ ကျပ်ခန့် ဈေးမြင့်တက်ခဲ့သည်။
ဒေါ်လာတန်ဖိုး မတည်ငြိမ် ခြင်းသည် နိုင်ငံတကာရင်းနှီးမြှုပ် နှံသူများက မနှစ်သက်ခြင်းကြောင့် တည်ငြိမ်မှု ရှိစေရန် ထိန်းချုပ်သင့်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေး မှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်း မတည်ငြိမ်ခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ရှိတွင် ထိခိုက်မှုမရှိသော်လည်း မကြာခဏဖြစ်လာလျှင် နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ ငွေကြေးအပေါ် ယုံကြည်မှု ကျဆင်းနိုင်သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌတစ်ဦးက ပြောသည်။
Credit: 7Daydaily