ဟောင်ကောင် developer များဖြစ်ကြသော Henderson Land နှင့် Lai Sun တို့က ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးကို ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံဖြင့် ရောင်းချ

ဟောင်ကောင် developer များဖြစ်ကြသော Henderson Land နှင့် Lai Sun တို့က ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးကို ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
11 Jul 2018 11:41 am တွင် တင်ခဲ့သည်
1971 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင် developer များဖြစ်ကြသော Henderson Land နှင့် Lai Sun တို့သည် ဟောင်ကောင်မှ အော့ဗ်ဇာဗေထရီလမ်း၊ အမှတ် ၈ ရှိ ဈေးဝယ်စင်တာ အဆောက်အအုံကြီးကို ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၅၂၂ သန်း) ဖြင့် ရောင်းချရန် ဝယ်လက်နှင့် သဘောတူညီချက်ရလိုက်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

၁၈ ထပ်ရှိသော အဆိုပါအဆောက်အအုံကြီးကို ဝယ်ယူရန် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများ စုပေါင်းထားသည့် အဖွဲ့တစ်ခုနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ဟောင်ကောင်တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံနေရာများ ဝယ်လိုအားမြင့်တက်နေမှုကို ပြသနေသည်။

Henderson နှင့် Lai Sun တို့ကမူ ယခုအရောင်းအဝယ်ကို အတည်ပြုမှတ်ချက်ပေးခြင်းမရှိသေးသော်လည်း ဒေသတွင်း သတင်းမီဒီယာတို့တွင်မူ ဟောင်ကောင်ဒေါ်လာ ၄ ဘီလီယံဖြင့် အရောင်းအဝယ်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း ဖော်ပြကြသည်။

ဘီလျံနာ လီရှောက်ကီ၏ Henderson သည် အဆိုပါအဆောက်အအုံကြီးကို Lai Sun နှင့် ၅၀/၅၀ အချိုးဖြင့် ပူးတွဲအကောင်အထည်ဖော် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စတုရန်းပေ ၁၈၃၀၀၀ (စတုရန်းမီတာ ၁၇၀၀၀) ကျယ်ဝန်းကာ ဂျင်ဇာ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ယင်းအဆောက်အအုံကြီးမှာ မူလက အဆောက်အအုံငယ်နေရာများစွာဖြစ်ပြီး Henderson က ဝယ်ယူကာ ဈေးဝယ်စင်တာကြီးအဖြစ် အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ ဆောက်လုပ်ပြီးစီးသည်မှာ ၂ နှစ်ခန့်သာ ရှိသေးသည်။
Tsim Sha Tsui East ရထားဘူတာသို့ လမ်းလျှောက်သွားလျှင် ၅ မိနစ်ခရီးသာဝေးကွာသည်။

အဆောက်အအုံ၏ အောက်ထပ်များတွင် အစားအသောက်နှင့် အဖျော်ယမကာဆိုင်များဖွင့်လှစ်ထားပြီး အပေါ်ထပ်များတွင် ရုံးခန်းများ ဖွင့်လှစ်ထားလျက်ရှိသည်။

အဆောက်အအုံကြီး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ၇ လွှာမြောက် floor တစ်ခုလုံးကို ငှားရမ်းရန်ရှိနေပြီး တစ်လတာ ငှားရမ်းခအဖြစ် စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၄၅ ဒေါ်လာ ဈေးနှုန်းသတ်မှတ်ထားသည်။

လက်ရှိ ငှားရမ်းထားသူများ ပေးဆောင်ရသည့်နှုန်းထားမှာမူ ပျှမ်းမျှအားဖြင့် စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၅၀ ကျသင့်သည်ဟု ဆိုသည်။

Lai Sun ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားရာတွင် ယင်းအဆောက်အအုံကြီးမှာ အပြည့်အဝ အငှားချထားပြီးဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားမှုမှ ငှားရမ်းခအဖြစ် ဟောင်ကောင်ဒေါ်လာ ၅၅ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းအရ စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၂၄၀၀ ခန့် ကျသင့်နေသည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင် developer များဖြစ်ကြသော Henderson Land နှင့် Lai Sun တို့က ဟောင်ကောင်ရှိ ဈေးဝယ်စင်တာကြီးကို ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service