အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးတစ်ခု၏ မန်နေးဂျင်း ဒါရိုက်တာ ရုံးခန်းအတွင်းတွင် သူဌေးဖြစ်သူက သူ၏ဝန်ထမ်းတစ်ဦးကို ခေါ်ယူ၍ မေးမြန်းနေ၏။
“သေဆုံးပြီးတဲ့နောက်မှာ နောင်ဘဝရှိတယ်ဆိုတာ ယုံကြည်သလား၊ ပြီးတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုကော ယုံကြည်သလား” ဟု သူဌေးက မေးရာ ဝန်ထမ်းလူငယ်က ..
“ဟုတ်ကဲ့။ ကျွန်တော်ယုံပါတယ်ခင်ဗျာ” ဟု ဖြေလေသည်။
ထိုအခါ သူဌေးက ပြန်လည် ပြောကြားလိုက်သည်ကား…
“ဒါတွေကို မင်းယုံလိမ့်မယ်လို့ ငါလဲထင်ပါတယ်။ မနေ့က မင်းအဘွားရဲ့ ဈာပနကို သွားဖို့ ..ခွင့်တိုင်ပြီး ရုံးကပြန်သွားချိန်မှာ မင်းအဘွားက မင်းနဲ့တွေ့ချင်လို့တဲ့ ..ငါ့ဆီကို ဖုန်းဆက်လာတယ်” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)