မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေ (၂ဝ၁၇) ကို စတင် ကျင့်သုံးပါကပေးဆောင်ရမည့် အခကြေးငွေနှင့် နှောင့်နှေးသည့် ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာကို ယနေ့ ဇူလိုင် ၁ဝ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။
“ ဥပဒေသစ်အရ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ထုတ်ပြန်ဖို့ရှိပါတယ်။ ဥပဒေသစ်ကို ချောချောမွေ့မွေ့နဲ့ နိုင်ငံသားအားလုံးကောင်း
မွန်စွာ အသုံးပြုနိုင်ဖို့အတွက် ကြိုးစားနေပါတယ် ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ပုံစံ သို့မဟုတ် စာရွက်စာတမ်းတစ်ခုကိုတင်ပြခြင်း သို့မဟုတ် ပေးပို့တင်ပြခြင်းအတွက် သတ်မှတ်ထားသည့်
အချိန်တွင် လိုက်နာရန် ပျက်ကွက်သူတစ်ဦးဦးသည် ပုံစံ သို့မဟုတ် စာရွက်စာ တမ်းတင်ပြခြင်း သို့မဟုတ် ပေးပို့တင်ပြခြင်းအတွက် သတ်မှတ်ထားသည့် အခကြေးငွေအပြင် အမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲဇယား (၂) တွင် သီးခြားဖော်ပြထားသော နှောင့်နှေးသည့် ပေးပို့တင်ပြမှုအတွက် သတ်မှတ်ထားသည့်နောက်ကျကြေးကို ပေးဆောင်ရမည်ဖြစ်သည်။
အဆိုပါ အမိန့်ကြော်ငြာစာနှင့်အတူ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များ၊အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအတွက် သတ်မှတ်ချက်များ အမိန့်ကြော်ငြာစာများကိုလည်း ထုတ်ပြန်ထားသည်။
Credit: The Yangon Media Group