၂ဝ၁၈ ခုနှစ် ၊ ဇူလိုင်လ ၇ ရက် နှင့် ၈ ရက်နေ့များတွင် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ KT Construction မှ ဆောက်လုပ်သည့် မန္တလေးမြို့ရှိ လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီးကို မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ် ၊ ၃၅ လမ်းရှိ KT Construction ရုံးခန်း နှင့် ရန်ကုန်မြို့ ၊ ကျောက်တံတားမြို့နယ် ၊ ကုန်သည်လမ်း ၊ MAC Tower ရှိ iMyanmarHouse.com ရုံးခန်း တို့တွင် တပြိုင်တည်း ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အရောင်းပြပွဲအတွင်းတွင် မန္တလေးတောင်အနီးရှိ ရွှေနန်းတော် လုံးချင်းအိမ်ရာ ၊ မန္တလေးဆိုင်ကယ်ပွဲစားတန်းအနီးရှိ ချယ်ရီဗီလာ လုံးချင်းအိမ်များ ၊ မန္တလေးမြို့ပုသိမ်ကြီးလမ်းမပေါ်ရှိ Office နှင့် Shophouse များပါဝင်သည့် KT Business Complex စသည့် စီမံကိန်း ၃ ခုရှိ အိမ်ရာများကို အထူးနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
“ မန္တလေးမြို့မှာရှိတဲ့ KT Construction က ဆောက်လုပ်တဲ့ စီမံကိန်း ၃ ခုကို ရောင်းချပေးခဲ့ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com က တနိုင်ငံလုံးမှာ ရှိတဲ့ တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာတွေ အပါအဝင် luxury ကွန်ဒို နဲ့ လုံးချင်းအိမ်ရာ စီမံကိန်း တွေလည်းကို ရောင်းချပေးပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com သည် မြန်မာ့အိမ်ခြံမြေဝဘ်ဆိုက်အနေနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး အရင်မရှိခဲ့ဖူးတဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကို စွန့်ဦးတီထွင်ကျင်းပနိုင်ခဲ့လို့ customer database အများဆုံး ရရှိထားပါတယ်။ အခုလိုရင် ရန်ကုန် ၊ မန္တလေး ၊ ကလော ၊ စစ်တွေ ၊ ပုသိမ် ၊ တောင်ကြီး စတဲ့ မြို့ ကြီးတွေမှာ အရောင်းပြပွဲတွေ ကျင်းပပေးနိုင်ခဲ့ပြီး စင်္ကာပူနိုင်ငံမှာလည်း ၂၀၁၅ ကတည်းက ဦးစွာသွားရောက်ကျင်းပခဲ့ပါတယ်။ ရလာဒ်ကောင်းတွေ ဆက်လက်ရရှိပြီး မြန်မာ့အိမ်ခြံမြေဈေးကွက်ကို အကောင်းဆုံး ဦးဆောင်သွားဖို့ အမြဲကြိုးစားနေပါတယ်” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)