အိမ်ထောင် ၉ ကြိမ်ပြုခြင်းဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဇာဇာဂါဘော၏ နေအိမ် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

အိမ်ထောင် ၉ ကြိမ်ပြုခြင်းဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဇာဇာဂါဘော၏ နေအိမ် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 11:48 am တွင် တင်ခဲ့သည်
2782 ကြိမ် ကြည့်ရှု့ပြီး
ဇာဇာ ဂါဘောသည် ဟန်ဂေရီနိုင်ငံသူဖြစ်ပြီး ၁၉၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် မွေးဖွားကာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ကွယ်လွန်ခဲ့သည်။
သူ၏ ညီမများမှာလည်း ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြပြီး အီဗာနှင့် မဂ္ဂဒါ ဂါဘောတို့ ဖြစ်ကြသည်။

ဗီယန်နာတွင် နေထိုင်စဉ်ကတည်းကပင် အနုပညာဘဝစတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဟန်ဂေရီ၏အလှမယ် Miss Hungary ဘွဲ့ရရှိခဲ့သည်။

၁၉၄၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခဲ့ပြီး "European flair and style" ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် ပါဝင်လာခဲ့သည်။

ဆွဲဆောင်မှုရှိကာ ကျက်သရေရှိသည့် မင်းသမီးတစ်လက်အဖြစ် အများက သတ်မှတ်ခဲ့ကြသည်။

သရုပ်ဆောင်ဘဝအပြင် ဇာဇာဂါဘောနာမည်ကျော်သည့် အခြားအချက်များမှာ လက်ဖွာသည့်ဟောလိဝုဒ်တွင် နေထိုင်ခဲ့မှုဟန်နှင့် အိမ်ထောင်ဆက်အလွန်များခဲ့ခြင်းတို့ ဖြစ်သည်။
ဟိုတယ်လုပ်ငန်းရှင်သူဌေးကြီး ကွန်းရက်ဒ် ဟီလ်တန်နှင့် ရုပ်ရှင်သရုပ်ဆောင် ဂျော့ခ်ျ ဆန်းဒါးစ်တို့ အပါအဝင် အိမ်ထောင် ၉ ဆက်ရှိခဲ့သည်။

ဇာဇာဂါဘောတစ်ခါက ပြောခဲ့ဖူးသည်မှာ “ယောက်ျားတွေက ကျွန်မကိုကြိုက်ကြတယ်။ ကျွန်မကလည်း ယောက်ျားတွေကို ကြိုက်တယ်။ ဒါပေမယ့် ကျွန်မကြိုက်တဲ့ယောက်ျားမျိုးက ယောက်ျားပီသတဲ့သူ၊ ကြွက်သားတွေတောင့်ရုံလောက်မဟုတ်ဘဲ…မိန်းမတစ်ယောက်ကို ဘယ်လိုပြောရမယ်၊ ဘယ်လိုဆက်ဆံရမယ်ဆိုတာ ကောင်းကောင်းသိတဲ့သူမျိုးပါ” ဟု ဆိုသည်။

ယခုအခါ ဇာဇာဂါဘောနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၂၃ ဒသမ ၄၅ သန်းဖြင့် အရောင်းဈေးကွက်သို့ ဝင်လာသည်။

လက်ရှိပိုင်ရှင်က ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

လက်ရှိပိုင်ရှင်က ရင်းနှီးမြှုပ်နှံရန်အတွက် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Coldwell Banker Global Luxury မှ အိမ်ခြံမြေအကျိုးဆောင် ဂျိတ်ဒ် မေးစ်က ပြောကြားသည်။

အိမ်ခြံမြေမှတ်တမ်းများအရ ယင်းနေအိမ်သည် လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေအေဂျင်စီတစ်ခုဖြစ်သော Jade Enterprises မှ မစ္စတာ အဲလ်ဘတ် တာဘန်နှင့် ဆက်နွှယ်မှုများရှိနေကြောင်း ဖော်ပြသည်။

လက်ရှိပိုင်ရှင်များက ဗိသုကာအဖွဲ့တစ်ခုဖြစ်သော Harrison Design နှင့် ဆက်သွယ်ကာ လက်ရှိအားဖြင့် စတုရန်းပေ ၈၈၇၈ အကျယ်အဝန်းရှိသည့် နေအိမ်ကို စတုရန်းပေ ၂၄၀၂၀ အထိကျယ်ဝန်းသည့် နှစ်ထပ်အိမ်အဖြစ် ပြောင်းလဲဆောက်လုပ်သွားရန် အပ်နှံထားသည်ဟု ဆိုသည်။

နေအိမ်သစ်တွင် အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်း၊ ကား ၆ စင်းဆန့် ကားဂိုဒေါင်တစ်လုံးတို့ ပါဝင်မည်ဟု ဆိုသည်။

မစ္စတာမေးလ်၏ အဆိုအရ နေအိမ်သစ်ဆောက်လုပ်ပြီးစီးပါက လော့စ်အိန်ဂျလိ၏ မြို့ လယ်ရှုမျှော်ခင်းနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏အလှကို ကောင်းစွာရှုမျှော်ခံစားရမည်ဟု ဆိုသည်။

သို့ရာတွင် စတုရန်းပေ ၂၄၀၀၀ ကျော်သည့် အဆောက်အအုံတစ်လုံးကို ဆောက်လုပ်ရန်မှာ နှစ်အတန်ကြာအချိန်ယူရမည်ဖြစ်ရာ ဝယ်လက်အနေဖြင့် မိမိစိတ်ကြိုက်အခြားပုံစံဆောက်လုပ်မည်ဆိုပါကလည်း ဆောက်လုပ်နိုင်သည်ဟု လက်ရှိပိုင်ရှင်က ပြောကြားထားသည်။

“Harrison Design ဒီဇိုင်းအဖွဲ့က ဝယ်လက်စိတ်ကြိုက်ဖြစ်မယ့် ဒီဇိုင်းမျိုးရေးဆွဲသွားနိုင်ဖို့ စီမံကိန်းတွေချထားပါတယ်။ မော်ဒန်ကနေ ရိုးရာဟန်အထိ ကြိုက်တဲ့ပုံစံနဲ့ လွတ်လွတ်လပ်လပ် ဆောက်လုပ်နိုင်ပါတယ်ဟု” လည်း မစ္စက်မေးစ်က ပြောကြားသည်။

ဝယ်လက်၏ ဆန္ဒအရ ၁၉၅၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် မူလနေအိမ်ဟောင်းကို မူရင်းလက်ရာမပျက်ထားရင်း ချဲ့ ထွင်သွားနိုင်သည့် နည်းတူ အလုံးစုံဖျက်သိမ်းကာ အသစ်ပြန်လည်ဆောက်လုပ်ခြင်းလည်း ပြုလုပ်နိုင်သည်ဟု ဆိုသည်။

မိုက်ကယ်ဒေါက်ဂလပ်နှင့် မက်ဒ် ဒါမွန်တို့ ပါဝင်သရုပ်ဆောင်ခဲ့သော Behind the Candelabra (၂၀၁၃) ဇာတ်ကား၊ ဘင် အက်ဖလက် ပါဝင်သရုပ်ဆောင်ခဲ့ကာ အော်စကာဆုရရှိခဲ့သည့် Argo (၂၀၁၂) ဇာတ်ကားများတွင် ယခုနေအိမ်ကြီးကို ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

ဇာဇာဂါဘောက ၁၉၇၃ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်။

ယင်းနှစ်ကာလများအတွင်း ကမ္ဘာကျော်ပုဂ္ဂိုလ်များကို ဧည့်ခံခဲ့ဖူးရာ ဗြိတိန်မှ အဲလစ်ဇဘက်ဘုရင်မကြီး၊ အမေရိကန်သမ္မတဟောင်းများ ဖြစ်သော ရော်နယ်ရေဂင်နှင့် ဂျော့ခ်ျ အိတ်ခ်ျ-ဒဗလျူ ဘုရှ်၊ ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့်များဖြစ်သော အဲလစ်ဇဘက်တေလာနှင့် ဖရန့်ခ် စီနာထရာတို့လည်း အပါအဝင်ဖြစ်သည်။

သတင်းအချို့ အရ အဆိုပါနေအိမ်ကြီးကို ဇာဇာဂါဘောမတိုင်မီက အဲလ်ဗစ်ပရက်စလေပိုင်ဆိုင်ခဲ့ဖူးသည်ဟု ဆိုကြသော်လည်း တရားဝင်အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြထားခြင်းကားမရှိချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ထောင် ၉ ကြိမ်ပြုခြင်းဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဇာဇာဂါဘော၏ နေအိမ် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အိမ်ထောင် ၉ ကြိမ်ပြုခြင်းဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဇာဇာဂါဘော၏ နေအိမ် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အိမ်ထောင် ၉ ကြိမ်ပြုခြင်းဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဇာဇာဂါဘော၏ နေအိမ် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အိမ်ထောင် ၉ ကြိမ်ပြုခြင်းဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဇာဇာဂါဘော၏ နေအိမ် ကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service