မြေယာပိုင်ဆိုင် ရင်းနှီးမြှုပ်နှံမှု မူဝါဒချမှတ်နိုင်ရေး တင်ပြမည်

မြေယာပိုင်ဆိုင် ရင်းနှီးမြှုပ်နှံမှု မူဝါဒချမှတ်နိုင်ရေး တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 11:39 am တွင် တင်ခဲ့သည်
2174 ကြိမ် ကြည့်ရှု့ပြီး
မြေယာပိုင်ဆိုင်မှုနဲ့ မြေယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှုတွေမှာ သင့်တင့်မျှတပြီး တရားနည်းလမ်းကျတဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ ချမှတ်ဆောင်ရွက်နိုင်ဖို့ မူဝါဒတွေ ချမှတ်နိုင်ဖို့ UPDJC ကို တင်ပြသွားမယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ဇူလိုင်လ (၄)ရက်နေ့ကစပြီး (၃)ရက်ကြာ ပြုလုပ်တဲ့ UPDJC လုပ်ငန်းကော်မတီများ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို တင်ပြသွားဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကော်မတီ UPDJC မှာ တင်ပြဆွေးနွေးဖို့ မြေယာကဏ္ဍမှာ အချက် (၅)ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

ပအိုင်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO မှ ဦးခွန်မြင့်ထွန်းက ' ကျွန်တော်တို့အားလုံးညှိနှိုင်းပြီး ရယူနိုင်တဲ့သဘောတူညီချက်ကတော့ လက်ဝါးကြီးအုပ် မြေယာပိုင်ဆိုင်မှုစနစ်ဆိုတဲ့ စကားလုံးအစားကို ပမာဏကြီးမားတဲ့ မြေယာပိုင်ဆိုင်မှု စနစ်မပေါ်ပေါက်စေရေးအတွက် မြေပိုင်ဆိုင်မှုနဲ့ မြေယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှုတွေကို သင့်တင့်မျှတတဲ့၊ တရားရားနည်းလမ်းကျတဲ့ ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ရေးအတွက်ကို မှုဝါဒတွေချမှတ်ဖို့ဆိုတဲ့အချက်မျိုး၊ ဒါမျိုးတွေ ဒီနေ့အစည်းအဝေးကနေ ရလဒ်အနေနဲ့ ရပါတယ်လို့ ' ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့လက်ဝါးကြီးအုပ် မြေယာပိုင်ဆိုင်မှုစနစ်မပေါ်ပေါက်စေရေးဆိုတဲ့ ခေါ်ဝေါ်သုံးစွဲမှုကိုလည်း ပမာဏကြီးမားတဲ့ မြေယာပိုင်ဆိုင်မှုစနစ်မပေါ်ပေါက်စေရေးဆိုတဲ့ အခေါ်အဝေါ်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ မြေယာကို အသုံးပြုတာ၊ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့နေရာမှာ မြေဆီလွှာတွေမပျက်စီးဖို့၊ လူမှုစီးပွားဘဝရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ထိန်းသိမ်းဆောင်ရွက်ဖို့စတဲ့ မြေယာမူဝါဒတွေကို ချမှတ်နိုင်ပါတယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။ PNLO မှ ဦးခွန်မြင့်ထွန်းက ' အဲဒါတွေကတော့ မြေယာနဲ့ဆိုင်တဲ့ မူဝါဒက အချက်(၂)ချက်နဲ့ အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများ အနေနဲ့ အချက်(၂)ချက်ပေါ့၊ စုစုပါင်း (၅)ချက်ကို ရထားပြီး ဖြစ်ပါတယ်၊ အဲဒါကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို တင်ပြမယ်၊ အဲဒီကနေတစ်ဆင့် ညီလာခံကြီးကို တင်ပြမှာ ဖြစ်ပါတယ် ' လို့ ပြောပါတယ်။

လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွေမှာ မြေရဲ့ အဓိပ္ပာယ်၊ မြေယာရဲ့ အဓိပ္ပာယ်နဲ့ သယံဇာတရဲ့ အဓိပ္ပာယ်တွေကို ဖွင့်ဆိုနိုင်ဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service