တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာ၁၆၆၀ ကျော်အထိရှိလာတယ်လို့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။
အခုနှစ် ဇွန်လကုန်ပိုင်းစာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၁၆၆၆ လုံးအ ထိရှိနေပြီး အခန်းပေါင်း ၆၆၉၁၃ ခန်းအထိရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ၃၉၉ လုံး အခန်းပေါင်း ၂၀၈၄၅ ခန်း၊ နေပြည်တော်မှာ၆၄ လုံး ၅၅၁၅ ခန်း၊ မန္တလေးမြို့မှာ ၂၁၅ လုံး အခန်းပေါင်း ၈၉၄၀ ခန်း၊ ပုဂံညောင်ဦးမှာ ၈၅ လုံး အခန်းပေါင်း ၂၉၁၉ ခန်း၊ တောင်ကြီး
အင်လေး ၁၄၈ လုံး ၄၄၈၃ ခန်းအထိရှိနေပါတယ်။
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ပေါင်း ၂၇၇၃ ခုခွင့်ပြုပေးထားပြီးနိုင်ငံခြားသားကုမ္ပဏီ ၁ ခုနှင့် နိုင်ငံသားပိုင် လုပ်ငန်းက ၂၇၃၁ ခုအထိရှိပါတယ်။ နိုင်ငံခြားသားနှင့် နိုင်ငံသားပိုင်အကျိုးတူလုပ်ငန်းက ၄၁ ခုခွင့်ပြုပေးထားပါ တယ်။
ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ၂၅၆၉ ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၄၄၀၄ ခုနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၅၇၉ ခုအထိခွင့်ပြုပေးထားတယ်လို့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ပါ တယ်။
Credit: SFJ Strategy First