မန္တလေးမြို့တွင် အခြေခံလူတန်းစားများ အတွက်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှားရန် နေထိုင်မှုဈေးနှုန်းများ မြင့်တက်လာမှု ကြောင့်ငှားရမ်းခသက်သာသည့် ဆင်ခြေဖုံးရပ်ကွက်များနှင့် မြို့နှင့်နီးစပ်သော ကျေးရွာများတွင် ပြောင်းရွေ့ငှားရမ်းနေထိုင်မှုများလာကြောင်း အိမ်ခြံမြေငှားရမ်းရေး ဝန်ဆောင်မှုလုပ်ကိုင်သူများထံမှ သိရသည်။
မြို့ထဲတွင် အိမ်ခန်းကျဉ်းကျဉ်းလေးကိုငွေငါးသောင်း အောက်နှင့် ငှားနေ၍ မရတော့ပေ။ထို့ကြောင့် သာမာန်လူတန်းစားများအတွက် မြို့နှင့်လည်း သိပ်မဝေး၊နေရတာလည်းအဆင်ပြေပြီးကျပ်ငါးသောင်းဝန်းကျင်လောက်နှင့် ငှားနေလို့ရမည့် နေရာများတွင် ငှားရမ်းနေထိုင်မှုများ များလာသည်။
လက်ရှိတွင် မန္တလေးမြို့တွင်းနှင့် နီးစပ်သော ပြည်ကြီးတံခွန်၊ချမ်းမြ သာစည် နှင့် ပုသိမ်ကြီး မြို့နယ်အတွင်း ရှိ မြရည်နန္ဒာမြို့သစ်ပိုင်း၊ထန်းကိုးပင်အနီးဝန်းကျင်နှင့် မဲကင်းကုန်းကေျးရွာများတွင်အများဆုံးပြောင်းရွှေ့ငှားရမ်းနေထိုင်လာမှုကြောင့် အိမ်ငှားလုပ်ငန်းအဆင်ပြေမှုနှင့် အတူ၎င်းနေရာများရှိမြေကွက်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သိရသည်။
အိမ်ခြံမြေဈေးကွက်သည် သိသိသာသာကျဆင်းလာသည်။ယခင်ဈေးကောင်းချိန်က မြို့ပြင်တွင် ဝယ်ထားသည့် သူများ ယခု ရောင်းချင်တာတောင် အရှုံးခံရောင်းရမည်ဆိုသည့်အတွက်မရောင်းနိုင်ကြသလို လက်ရှိဖြစ်နေသည်က မြေကွက်လွတ်များတွင် ကျူးကျော်နေထိုင်သူများ သောကြောင့်လည်း အိမ်ဆောက်ပြီး အဆင်မြေသည့် နှုန်းထားနှင့် အိမ်ငှားထားလာကြသည့်အတွက်နှစ်ဦးနှစ်ဖက် အဆင်ပြေလာကြသည်။
အိမ်ငှားရမ်းမှုလုပ်ငန်းအဆင်ပြေလာခြင်းကြောင့် ဈေးနှုန်းသင့်တင့်သော မြေနေရာများကိုစိတ်ဝင်စားမှု မြင့်တက်လာပြီး မဲကင်ကုန်းဝန်းကျင်တွင် မြေကွက်ဈေးများအနည်းငယ်မြင့်တက်လာသည့်အပြင် မြို့သစ်ပိုင်းဖြစ်သည့် တတ၊ထထ၊ဒဒ အကွက်များ၊ထန်းကိုးပင်အနီးဝန်းကျင် နှင့် မြရည်နန္ဒာမြို့သစ်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်ကြောင့်မြေကွက်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း သိရသည်။
မန္တလေးမြို့သို့ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးဖြင့် လာရောက်နေထိုင်သူဦးရေမှာ တစ်နေ့တစ်ခြားများပြားလာနေခြင်းကြောင့် အိမ်ငှားရမ်းမှုဈေးနှုန်းမှာ လက်ရှိအနေအထားအရ ယခုထက်ပိုမို့မြင့်တက်လာမည့် အနေအထားရှိနေသည်။
Credit : Myanmar Alinn