ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း မကြာမီစတင်မည်ဟု စီးပွားကူးသန်းဝန်ကြီးပြော

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း မကြာမီစတင်မည်ဟု စီးပွားကူးသန်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
9 Jul 2018 11:43 am တွင် တင်ခဲ့သည်
2223 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွားရေးစီမံကိန်းကို အကြွေးထောင် ချောက်အတွင်း ကျရောက်မည်ဟု ရေးသားပြောဆိုနေခြင်းသည် မိမိ တို့ကို တိုက်ခိုက်လို၍ဖြစ်ပြီး ထိုစီမံ ကိန်း မကြာမီစတင်မည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြော သည်။

အဆိုပါစီမံကိန်းကို လက်ရှိ တွင် ပြန်လည်သုံးသပ်နေခြင်း မဟုတ်ဘဲ တင်ဒါအောင်မြင်ထား သည့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီနှင့် ညှိနှိုင်းနေပြီး သဘော တူညီမှုရရှိရန် အလားအလာ ကောင်းမွန်ကြောင်း ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

‘‘တချို့က အကြွေးတင်နိုင် မလားဆိုတဲ့ စိုးရိမ်သောကနဲ့ ရေးသလို တချို့ကလည်း ကျွန် တော်တို့အပေါ် တိုက်ခိုက်ချင်လို့ ရေးတယ်လို့ပဲ ယူဆပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စီမံကိန်း အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားမှုနှင့် စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ခြင်းကို အစိုးရက အဓိကစဉ်းစားဆောင်ရွက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကြီး နေခြင်းကြောင့် အကြွေးနွံနစ်မည် ကို ဝေဖန်နေခြင်းဖြစ်ကြောင်း ဒေါက်တာသန်းမြင့်ကဆိုသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားနေခြင်းကို လျှော့ချရန် စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖော်ခြင်းဖြစ် ကြောင်း မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးဒေါက်တာသန်းမြင့် က ပြောသည်။

အပိုင်းလိုက်ခွဲ၍ အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ ဘက်က ရင်းနှီးမြှုပ်နှံနိုင်သည့် ပမာဏ၊မြန်မာ့လုပ်ငန်းရှင် ပါဝင်နိုင်သည့် အနေအထားနှင့် မြန်မာ ဘက်က စီမံခန့်ခွဲနိုင်သည့် အရွယ် အစားအတိုင်းသာ အကောင် အထည်ဖော်မည်ဟု ၎င်းက ပြောသည်။

ကျောက်ဖြူ အထူးစီးပွား ရေးဇုန် စီမံကိန်းသည် တရုတ် နိုင်ငံ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု)၏ အဓိက ကျသည့် အစိတ်အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ် ဖွံ့ ဖြိုးမှုနှင့် တရုတ်နိုင်ငံ ယူနန်ပြည် နယ်၏ ထွက်ပေါက်လည်း ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ထိုစီမံကိန်းကို အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာမူထား သော ကျောက်ဖြူမြို့တွင် ကန် ဒေါ်လာ ၁၀ ဘီလီယံကုန်ကျခံ၍ အထူးဇုန်တစ်ခု ဖန်တီးရန်ဖြစ် သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်လာမည့် ယင်းစီမံ ကိန်း လျာထားမှုတွင် ကုန်တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင် သော ဆိပ်ကမ်းအနီး ၁,၀၀၀ ဟက်တာကျယ်သော စက်မှုဇုန် တစ်ခုပါဝင်မည်ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်းကမူ Nikkei Asian Review သတင်းဌာနနှင့် ဇူလိုင် ၃ ရက်က အထူးတွေ့ဆုံ မေးမြန်းခန်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အရွယ်အစား လျှော့ချရေး တရုတ်ထံ တောင်းဆိုကြိုးပမ်း မည်ဟု ပြောကြားထားသည်။

‘‘မလိုအပ်တဲ့ ကုန်ကျစရိတ် တွေအားလုံးကို ကျွန်တော်တို့ လျှော့ချသင့်ပါတယ်။ စီမံကိန်း တွေကြီးလေ ပြန်ပေးရဖို့က တာဝန်ပိုကြီးလေပါပဲ’’ဟု ဦးစိုး ဝင်းက ပြောသည်။ မြန်မာဘက် က မည်မျှလျှော့ချလိုသည်ဆို သော ကိစ္စသည် ညှိနှိုင်းမှုအပေါ် မူတည်နေပြီး အတိအကျမပြော နိုင်သေးဟု ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၅ က တရုတ် အစိုးရ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CITIC အုပ်စုဦးဆောင်သည့် လုပ်ငန်းစု တစ်ခုက ယင်းဇုန်ကို ဖော်ဆောင် ခွင့် ရရှိခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service