Brutalism (ဘရုထဲလစ်ဇင် ဗိသုကာ)ကို ကိန်း ဘရစ်အဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုပုံမှာ... noun (U ) UK /‘bruÐ.tYl.j.zYm/ /‘bruÐ.t,Yl.j.zYm/ specialized a building style in which buildings are large and heavy-lookingç and often made from concrete: Between the late 1950s and mid-1970s brutalism was the house style of UK universities and government buildings “ကြီးမားသည့်သွင်ပြင်ဟန်ပန်ရှိကာ အများအားဖြင့် အဆောက်အအုံများကို ကွန်ကရစ်ဖြင့် ဆောက်လုပ်လေ့ရှိသော အဆောက်အအုံဟန်တစ်မျိုး၊ ၁၉၅၀ ပြည့်လွန်ကာလများမှ ၁၉၇၀ ပြည့်လွန်အလယ်ပိုင်းကာလများအကြား ဘရုထဲလစ်ဇင် သည် ဗြိတိန်ရှိ တက္ကသိုလ်များနှင့် အစိုးရအဆောက်အအုံများ ၏ အဓိကဗိသုကာဟန် ဖြစ်ခဲ့သည်”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ဘရုထဲလစ်ဇင်သည် ၂၀ ရာစုအစောပိုင်း မော်ဒန်ဗိသုကာ လှုပ်ရှားမှုမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
+++ မော်ဒန်ဗိသုကာတွင် +++
(က) Structuralism
(ခ) Constructivism
(ဂ) Formalism
(ဃ) Bauhaus
( င) The international style
(စ ) De stijl
(ဆ ) Brutalism
( ဇ ) Minimalism ဟူသည့် ဗိသုကာမျိုးကွဲများ ရှိသည်။
ယင်းဝေါဟာရမှာ ပြင်သစ်ဘာသာတွင် ကွန်ကရစ် အကြမ်းထည်ဟု အဓိပ္ပာယ်ရသော beton brut မှ ဆင်းသက်လာ ခြင်း ဖြစ်သည်။
ဘရုထဲလစ်ဇင်သည် အစိုးရအဆောက်အအုံများ၊ အခြားအဖွဲ့အစည်းအမျိုးမျိုး၏ အဆောက်အအုံများ ဆောက် လုပ်ရာတွင် အသုံးပြုခြင်းခံခဲ့ရသည်။
အင်္ဂလိပ်စကားပြောနိုင်ငံများ ( ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ သြစတေးလျ)၊ အနောက်ဥရောပနိုင်ငံ များ ( ပြင်သစ်၊ ဂျာမနီ၊ အီတလီ)၊ ဆိုဗီယက်ပြည်ထောင်စု-အရှေ့အုပ်စု (ဆလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယား)၊ အခြားဒေသ များ (ဂျပန်၊ အိနိ္ဒယ၊ ဘရာဇီး၊ ဖိလစ်ပိုင်၊ အစ္စရေး) တို့တွင် ဘရုထဲလစ်ဇင် လက်ရာများစွာ တွေ့ရမည် ဖြစ်သည်။
ဘရုထဲလစ်ဇင်သည် ပညာရေးဆိုင်ရာ အဆောက် အအုံများ (အထူးသဖြင့် တက်္ကသိုလ်အဆောက်အအုံများ) ဆောက်လုပ်ရာတွင် ကျော်ကြားခဲ့သော်လည်း ကုမ္ပဏီကြီးများ ၏ အဆောက်အအုံများကို ဆောက်လုပ်ခြင်း အလွန်ရှားပါးခဲ့ သည်။ အများအားဖြင့် အစိုးရ၏ စီမံကိန်းများ၊ အထပ်မြင့် အဆောက်အအုံများနှင့် ဈေးဝယ်စင်တာများ ဆောက်လုပ်ရာ တွင် ဘရုထဲလစ်ဇင်ကို အသုံးပြုလေ့ရှိခဲ့ကြသည်။ ဘရုထဲလစ်ဇင် ကို ဝေဖန်ရေးဆရာတို့က ဝေါဟာရတစ်ရပ်အဖြစ် ထည့်သွင်း အသုံးမပြုဘဲ ရှောင်ရှားလေ့ရှိကြသည်။
ဘရုထဲလစ်ဇင်ဟူသော ဝေါဟာရကို စတင်တီထွင်ခဲ့ သူမှာ ဆွီဒင်လူမျိုး ဗိသုကာပညာရှင်ဖြစ်သော ဟန်းစ် အက်စ် ပလန်း ဖြစ်သည်။
အက်စ်ပလန်းက သူ၏ခေတ်ပြိုင်ဗိသုကာပညာရှင်များ ဖြစ်သော ဘန့် အက်ဒ်မန်နှင့် လန်းနာ့ထ် ဟွမ်းတို့ ၁၉၄၉ ခုနှစ်တွင် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခဲ့သည့် ဆွီဒင်နိုင်ငံ၊ အပ်ဆာလာမြို့တော်ရှိ Villa Goth စံအိမ်ကြီးကို ရည်ညွှန်းရာ တွင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
မူလက ဆွီဒင်ဘာသာဖြင့် “နီဘရူထဲလစ်ဇင်” (New Brutalism) ဟု အသုံးပြုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မိုက်ကယ် ဗန်းထရစ်စ်အပါအ၀င် အင်္ဂလိပ်ဗိသုကာပညာရှင်အုပ်စုက ရယူအသုံးပြုခဲ့ကြခြင်း ဖြစ်၏။
အင်္ဂလန်တွင် အဆိုပါဝေါဟာရကို ဗိသုကာပညာရှင် များဖြစ်သော အဲလစ်ဆင်နှင့် ပီတာစမစ်တို့က ဆက်လက်အသုံး ပြုခဲ့ကြသည်။
ဗြိတိသျှ ဗိသုကာသမိုင်းပညာရှင် ရေနာ ဘန်ဟမ်က သူ၏ ၁၉၆၆ ခုနှစ်စာအုပ် “ကျင့်ဝတ်လော၊ အလှဗေဒလော”The New Brutalism: Ethic or Aesthetic ဟူသည့်စာအုပ် တွင် အဆိုပါဝေါဟာရကို အသုံးပြုလိုက်ပြီးနောက်ပိုင်းတွင် ကား ကျယ်ပြန့်စွာအသုံးပြုလာကြသည့် အခြေအနေသို့ ရောက် ရှိလာခဲ့သည်။
ဘရုထဲလစ်ဇင် ဗိသုကာ၏ အစောပိုင်းလက်ရာများ တွင် အထင်ရှားဆုံးမှာ ဆွီဒင်ဗိသုကာပညာရှင် လေကောဘူစီယာ Swiss architect Le Corbusier ၏ လက်ရာများဖြစ်သည်။
သာဓကအားဖြင့် အိနိ္ဒယနိုင်ငံ၊ ချန်ဒီဂါ့ရှိ အတွင်း ၀န်ရုံးအဆောက်အအုံကြီးဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင် ဆောက်လုပ် ခဲ့ခြင်း ဖြစသည်။
၂၀ ရာစုအလယ်ပိုင်းတွင် ဗြိတိန်၌ ဘရုထဲလစ်ဇင် သည် အရှိန်အဟုန်ပြင်းစွာဖြင့် ကျော်ကြားပြန့်နှံ့ခဲ့သည်။ ယင်း သို့ ဘရုထဲလစ်ဇင် ကျော်ကြားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဒုတိယကမ်္ဘာစစ်ကြီးကြောင့် စီးပွားရေးချွတ်ခြုံကျနေချိန်တွင် ဈေးဝယ်စင်တာများ၊ အစိုးရအဆောက်အအုံများ ဆောက်လုပ်ရာ တွင် ကုန်ကျစရိတ်မများပြားသည့် ဆောက်လုပ်ရေးနှင့် ဒီဇိုင်း နည်းလမ်းများ ရှာဖွေလာကြခြင်းကြောင့်လည်း ဖြစ်သည်။
သို့ရာတွင် များစွာသော ဗိသုကာပညာရှင်တို့မှာ ငွေကြေးအလုံအလောက်ရှိသည့်တိုင်အောင် ဘရုထဲလစ်ဇင်ကို ရွေးချယ်ခဲ့ကြသည် အထိ ကျော်ကြားမှုကြီးမားခဲ့သည်။
+++ ၀ိသေသလက္ခဏာများ +++
-ခိုင်မာသည့်ဟန်ပန်ရှိခြင်း
-အာစီကွန်ကရစ်ဖြင့် ဆောက်လုပ်ခြင်းများ
-ကွန်ကရစ်ကို မိုဖြင့်သွန်းလောင်းဆောက်လုပ်မှုများ
-ပြတင်း..အစရှိသည်များမထားရှိဘဲ အလွတ်ထားသည့် နံရံမျက်နှာပြင် ကျယ်ပြန့်စွာပါရှိခြင်း
-မျဉ်းမတ်၊ ရေပြင်ညီတို့အပြင် ထောင့်ဖြတ်နှင့် မျဉ်းကွေးဟန် များပါ ပေါင်းစပ်ရေးဆွဲလေ့ရှိခြင်း
-ဘရုထဲလစ်ဇ်၏ ဆောက်လုပ်ရေးပစ်္စည်းများတွင် အုတ်၊ မှန်နှင့် စတီးများ ပါဝင်ခြင်း၊ အသုံးပြုခြင်း
-အစိုးရအဆောက်အအုံများ
-တန်ဖိုးနည်းအငှားအိမ်ရာများ
-ဈေးဝယ်စင်တာများ
-တက္ကသိုလ်အဆောက်အအုံများ
ကွန်ကရစ်ကို အသုံးပြုရာတွင် ဘိုးအာ့ထ်ဗိသုကာ ဟန်တွင် အသုံးပြုပုံမျိုးနှင့် များစွာခြားနားပြီး ဟန်ဆောင်ခြင်း များ ကင်းဝေးကာ ရိုးသားရှင်းလင်းသည်ကိုသာ ရည်ရွယ်သည်။
ဘရုထဲလစ် ဆောက်လုပ်ရေးပစ်္စည်းများတွင် အုတ်၊ မှန်၊ စတီး၊ ကျောက်တုံးများ အသုံးပြုလေ့ရှိသည်။
သို့ရာတွင် ကွန်ကရစ်နံရံများကို ထင်ထင်ရှားရှားဖော်ပြ ဆောက်လုပ်တိုင်း ဘရုထဲလစ်ဇင်ဟုကား မဆိုနိုင်ချေ။
Constructivism, International Style, Express-ionism, Postmodernism နှင့် Deconstructivism တို့အပါအ၀င် အခြားဗိသုကာဟန်များလည်း ဖြစ်နိုင်သေးသည်။
ဘရုထဲလစ်ဇင်ဗိသုကာ၏ ဒဿနိကမှာ ဆိုရှယ်လစ် နိဗ်္ဗာန်ဘုံဟူသည့် အတွေးအခေါ်နှင့် ဆက်နွှယ်နေသည်ကိုလည်း တွေ့ရ၏။
၁၉၆၀ ပြည့်လွန် အလယ်ပိုင်းကာလများမှ အစပြုကာ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်း ကာလများအထိ ဥရောပကွန်မြူနစ် နိုင်ငံများဖြစ်သော ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား GDR (သို့မဟုတ်)အရှေ့ဂျာမနီနှင့် ယူဂိုဆလားဗီးယားနိုင်ငံများ ၏ ဗိသုကာနယ်တွင် ဘရုထဲလစ်ဇင် အလွန်အားကောင်းစွာ ဖွံ့ဖြိုးခဲ့သည်။
ချက်ကိုစလိုဗက်ကီးယား ဘရုထဲလစ်ဇင် Czechoslo-vakia brutalism တွင် အမျိုးသားဟန်ကို ဦးတည်ရင်း မော်ဒန် ဆိုရှယ်လစ် ဗိသုကာဟန်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည် ကိုလည်း တွေ့ရသည်။
+++ ဝေဖန်မှုများ +++
ဘရုထဲလစ်ဇင်ပေါ်ပေါက်လာပြီးနောက်ပိုင်း အပြင်း အထန်ဝေဖန်မှု များစွာရင်ဆိုင်ခဲ့ရသည်။
ယင်းသို့ ဝေဖန်ရှုတ်ချကြသူများတွင် ဗြိတိန်မှ ဝေလ မင်းသား ချားလ်စ်လည်း အပါအ၀င်ဖြစ်၏။
ချားလ်စ်မင်းသားက သူ၏ မိန့်ခွန်းများ၊ စာပေရေးသား ချက်များတွင် ဘရုထဲလစ်ဇင်ကို အပြင်းအထန်ဝေဖန်ထားပြီး “ကွန်ကရစ်ပုံကြီး” ဟု ကင်ပွန်းတပ်ခဲ့သည်။
အဆောက်အအုံတို့၏ မျက်နှာစာများကို ကွန်ကရစ် ဖြင့်သာ အဓိကဆောက်လုပ်ခြင်းကြောင့် စိုထိုင်းကာ တိမ်ထူ သည့် ဥရောပအနောက်မြောက်ပိုင်း ရာသီဥတုနှင့် မကိုက်ညီ ကြောင်း၊ ယင်းသို့သော ရာသီဥတုတွင် ကွန်ကရစ်သည် ရေစီး ကြောင်းတို့ကြောင့် ကာလကြာရှည်လျှင် ညစ်ထေးလာပြီး တခါတရံတွင် ရေညှိများ တက်နေလေ့ရှိကြောင်း ဝေဖန်ကြ သည်။
ဗြိတိသျှစာရေးဆရာ၊ နိုင်ငံရေးအကဲခတ်ပုဂ်္ဂိုလ် အန်သိုနီ ဒင်နီရယ်က ဘရုထဲလစ်ဇ်ဗိသုကာသည် ဥရောပ၏ အကြွင်းမဲ့အာဏာရှင်စနစ်ဒဿနိက၊ စိတ်ပိုင်း-အသိဥာဏ်ပိုင်း-ကိုယ်ကျင့်တရားပိုင်း ပျက်စီးမှုများကို ပြသနေသည့် ရှေးဟောင်း ပစ္စည်းများသာဖြစ်သည်ဟု ပြင်းထန်စွာ ဝေဖန်ခဲ့ဖူးသည်။
ဒင်နီရယ်က ဘရုထဲလစ်ဇ် အဆောက်အအုံများ သည် အသည်းမာခြင်း၊ လူသားမဆန်ခြင်း၊ ဆိုးရွားခြင်းများ ကို ကိုယ်စားပြုကြောင်း ရှုတ်ချထားသည်။
အာစီကွန်ကရစ်သည် ကျက်သရေရှိရာ အိုမင်းခြင်း မပြုဘဲ အစွန်းအထင်းများ၊ ပဲ့ကျခြင်း၊ ယိုယွင်းပျက်စီးခြင်းများ ဖြင့်သာ အိုမင်းလေ့ရှိကြောင်းလည်း ဝေဖန်သည်။
+++ မျက်မှောက်ခေတ် ဘရုထဲလစ်ဇင် +++
ဘရုထဲလစ် လှုပ်ရှားမှုများမှာ ၁၉၈၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် နိဂုံးချုပ်သွားခဲ့သော်လည်း ယင်းကို အခြေခံကာ Expressionism နှင့် Deconstructivism တို့ ပေါ်ပေါက်လာသည်။
သို့ရာတွင် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ဘရုထဲလစ်ဇင် အပေါ် စိတ်ဝင်စားမှုများ ပြန်လည်နိုးထလာသည်။
Brutalist London Map (2015) ၊ This Brutal World (2016) နှင့် SOS Brutalism: A Global Survey (2017) တို့ အပါအ၀င် ဘရုထဲလစ်ဇင် လမ်းညွှန်စာအုပ်အများအပြား ထွက်ပေါ်လာသည်။
ယခုနောက်ပိုင်း လက်ရာသစ်များတွင်မူ နူးညံ့မှုရသ ရှိစေရန် ဖန်တီးလာကြပြီး ကွန်ကရစ်မျက်နှာစာများတွင် ကျောက်တုံးများ စီခြယ်ထားသည့်ဟန် မွမ်းမံလာခြင်း၊ အင်္ဂတေ သရွတ်နုများ လိမ်းကြံလာခြင်းများ ပြုလုပ်လာကြသည်။
ခေတ်ဟောင်း ဘရုထဲလစ်အဆောက်အအုံများကိုပြန် လည်မွမ်းမံရာတွင်လည်း အဆိုပါနည်းလမ်းများ သုံးလာကြသည်။
သာဓကအားဖြင့် အင်္ဂလန်နိုင်ငံ၊ တောင်ယော့ခ်ရှိုင်း ယား၊ ရှက်ဖီးမြို့ရှိ Park Hi အဆောက်အအုံကြီး https://en.wikipedia.org/wiki/Park_Hill,_Sheffi eld ဖြစ်သည်။
အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com