စီးပွားရေးလုပ်ငန်းရှင်က ကျူးကျော်သူများအား မြေဂရန်ရရှိသည်အထိ ပြုလုပ်လှူဒါန်းမည်

စီးပွားရေးလုပ်ငန်းရှင်က ကျူးကျော်သူများအား မြေဂရန်ရရှိသည်အထိ ပြုလုပ်လှူဒါန်းမည် - Property News in Myanmar from iMyanmarHouse.com
9 Jul 2018 10:54 am တွင် တင်ခဲ့သည်
2413 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ငလပွေ့ကျေးရွာတွင် ပိုင်ရှင်ရှိမြေပေါ် ကျူးကျော်နေထိုင် နေကြသည့် အိမ်ခြေ ၂၁ လုံးအား အဆိုပါမြေပိုင်ရှင်ကလှူဒါန်းကာ မြေဂရန်များပိုင်ဆိုင် သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

+++ ခွဲဝေလှူဒါန်း +++

အဆိုပါမြေနေရာမှာ ကျောက်ဖြူမြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးငြိမ်းချမ်းမောင်ပိုင်ဆိုင်သောမြေဖြစ်ပြီး ၎င်း၏မြေပေါ်တွင် ကျူးကျော်အိမ်ဆောက်လုပ်နေထိုင်ကြသူများမှာ လည်း ယခင် ၁၀နှစ်ကျော်က စတင်နေထိုင်သူများဖြစ်ကာ အများစုသည်ဆင်းရဲနွမ်းပါးပြီး မြေယာပိုင်ဆိုင်ကြရန် မလွယ်ကူသည့်အတွက် မိမိပိုင်ဆိုင်သော မြေဧက ၂၀ ကျော်မှ ခွဲဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကိုယ်တိုင်လည်း အိုးပိုင်အိမ်ပိုင်မရှိတဲ့အခြေအနေမှာ အများကြီးနေထိုင်ခဲ့ တယ်။ လက်ရှိနေထိုင်ကြတဲ့ လူတွေကလည်း ဒေသခံရခိုင်တိုင်းရင်းသားတွေပါပဲ။ သူတို့ အနေနဲ့ ကိုယ်ပိုင်မြေတစ်ခုရလာအောင် မဖန်တီးနိုင်လို့ အခုလို မြေပိုင်မရသေးတာပေါ့။ သူတို့အနေနဲ့ မြေပိုင်ဆိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အခုဆိုရင်တော့ အဆင်ပြေတာပေါ့။ ကျွန်တော့်အမည်ပေါက် ပိုင်ဆိုင်ထားတဲ့မြေကို သူတို့ကိုခွဲပေးလိုက်တယ်ဆိုရင် သူတို့ တရားဝင်အမည်ပေါက် ပိုင်ဆိုင်သွားပြီပေါ့"ဟု ဦးငြိမ်းချမ်းမောင်က ပြောဆိုသည်။

+++ မြေဖို့ပေးမည် +++

ယင်းနေရာမှာ ဒီရေတက်သည့်အချိန်တွင် ဒီရေဝင်ရောက်သည့်အတွက် ဒီရေတားနံရံ များပါပြုလုပ်ပေးကာ မြေဖို့ပေးရန်အထိ စီစဉ်လျက်ရှိပြီး မြေပိုင်ဆိုင်ခွင့်များကို ဇူလိုင် ၃ ရက်က လွှဲပေးခဲ့ရာ ယင်းနေ့တွင် ပုဆိုးတစ်ထည်စီကိုပါ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး အလုပ်အကိုင်များလိုအပ်လျှင်လည်း မိမိထံတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြကြောင်း၊ လက်ရှိ မြေနေရာများကို တစ်ဆင့်ရောင်းချမှုမပြုလုပ်ကြဘဲ နေထိုင်ကြဖို့ကိုပါ မှာကြားခဲ့ကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service