ရန်ကုန်ဘူတာကြီးဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းမြေတွင် ပါဝင်သည့်စက်ရုံအဆောက်အအုံများ ကို ရွှေ့ပြောင်းရန် ကြိုတင်ပြင် ဆင်နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်ဘူတာကြီးဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် Oxley Holding ကုမ္ပဏီကို ကနဦးရွေးချယ်ထားပြီး ကုမ္ပဏီနှင့် စီမံကိန်း လုပ်ကိုင်ခွင့်စာချုပ်ကို ယခုနှစ် မကုန်မီ ချုပ်ဆိုနိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာ့မီးရထားအင် ဂျင်နီယာနှင့် စီမံဌာန အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
ယင်းစီမံကိန်းကို ရန်ကုန်ဘူ တာကြီးဧရိယာအတွင်း မြန်မာ့မီး ရထားပိုင်မြေ ၃၆ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ် ပြီး ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း မြန်မာ့ မီးရထားက ခန့်မှန်းထားသည်။
‘‘စာချုပ်ချုပ်ပြီးရင် တစ်နှစ်အတွင်းမှာ ဒီစီမံကိန်းနဲ့မလွတ်တဲ့ စက်ရုံအဆောက်အအုံတွေကို ဖယ်ပေးရမှာဖြစ်တဲ့အတွက် တခြားနေရာမှာ ဘယ်လိုနေရာချ မယ်၊ သံလမ်းတွေကို ဘယ်လို ထားမယ်ဆိုတာကို လေ့လာသုံး သပ်နေပါတယ်။ ဘယ်တော့ ရွှေ့ပြောင်းမယ်ဆိုတာတော့ မရွေးချယ်ရသေးဘူး’’ဟု ၎င်းက ပြော သည်။
ရန်ကုန်ဘူတာကြီးဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ပုဇွန်တောင်ဘူတာအနီးရှိ RBE စက်ခေါင်းပြင်စက်ရုံနှင့် ဂိုဒေါင်ရုံအချို့ ရွှေ့ပြောင်းရမည့်အထဲတွင် ပါဝင်နေသည်။
ရန်ကုန်ဘူတာကြီးဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းတွင် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင် ရေးဗဟိုဌာနသစ်တစ်ခုအပါအ ဝင် အိမ်ရာနှင့် စီးပွားရေးလုပ်ငန်း များအတွက် နေရာများတည် ဆောက်မည်ဖြစ်သည်။
Credit: 7Daydaily