တန်ဖိုးသင့်နေအိမ် ၁၀ သန်းကျော်တွင် စမတ်စွမ်းရည်များ အိန္ဒိယအစိုးရ တပ်ဆင်ပေးမည်

တန်ဖိုးသင့်နေအိမ် ၁၀ သန်းကျော်တွင် စမတ်စွမ်းရည်များ အိန္ဒိယအစိုးရ တပ်ဆင်ပေးမည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 11:27 am တွင် တင်ခဲ့သည်
2262 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယတွင် အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီးဌာနက ယခုဒီဇင်ဘာလမကုန်မီ တန်ဖိုးသင့်နေအိမ် ၁၀ သန်းကျော်ကို စမတ်အရည်အသွေးသွင်ပြင် လက္ခဏများဖြင့် ပြည့်စုံစေမည်ဖြစ်ကြောင်း ကြွေးကြော်လိုက်သည်။

ဝန်ကြီးချုပ်နရင်ဒြာမိုဒီ၏ စမတ်စီးတီးမစ်ရှင်တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းနေအိမ်များတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်အဖြစ်သို့နှင့် စွန့်ပစ်ပစ္စည်းမှ မြေသြဇာအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းများနှင့် အခြားခေတ်မီစမတ်စွမ်းရည်များ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်သီတင်းပတ်က ကြေညာခဲ့သည်။

အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီးဌာနသည် လက်တလောတွင် လစဉ် နေအိမ် ၃ သိန်းမှ ၅ သိန်းအကြားကို ယင်းစမတ်စွမ်းရည်တပ်ဆင်မှုအစီအစဉ်အတွက် စစ်ဆေးခွင့်ပြုပေးလျက်ရှိသည်။ မကြာသေးမီအထိ ခွင့်ပြုပြီးသော နေအိမ် ၅၁ သိန်း ရှိပြီဖြစ်ကြောင်း အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီး ဟာဒိဆင်းပူရီက ပြောကြားခဲ့သည်။

ဂူဂျာရတ်ပြည်နယ်ရှိ ဆူရတ်စမတ်စီးတီးတွင် စီစီတီဗွီကဲ့သို့သော စမတ်နည်းပညာကို အသုံးပြုခြင်းကြောင့် ရာဇဝတ်မှုဖြစ်ပွားနှုန်းများ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် စမတ်စီးတီးအစီအစဉ်သည် အိန္ဒိယတစ်ဝန်း မြို့ပြ ၁၀၀ ကို စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကအင်ဂျင်စက်များအဖြစ် ပြောင်းလဲမည့် ရည်မှန်းချက်မပြည့်မီသေးသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ၎င်းအစီအစဉ်အတွက် ဇွန်လကုန်အထိ အဆိုပြုထားသော ရင်းနှီးမြှုပ်နှံမှုမှာ ရူပီးငွေ ၂ ဒသမ ၀၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၉ ဘီလျံ) ဖြစ်သည်။

စမတ်စီးတီး ၆၀ အတွက် လျာထားသော ရူပီး ၉၈ ဒသမ ၆ ဘီလျံအနက် ၇၀ ရာခိုင်နှုန်းကိုသာ အသုံးပြုရသေးကြောင်း အဓိကအတိုက်အခံပါတီ အိန္ဒိယအမျိုးသားကွန်ဂရက်၏ ဥက္ကဋ္ဌ ရာဟူးဂန္ဒီက လူမှုကွန်ရက်တွစ်တာတွင် အငြင်းပွားဖွယ်ပြောကြားခဲ့ဖူးကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service