ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဘီအိုတီစနစ်နဲ့ လူထုအခြေပြုဗဟိုဌာန ဆောက်လုပ်ဖို့ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူနေပါတယ်။
+++ ရှမ်းပြည်နယ် +++
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာ က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၂၇)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ မြေအကျယ်အဝန်း (၀.၄၇၂)ဧက ပေါ်မှာနဲ့ လာရှိုးမြို့ အမှတ်(၅၁)၊ လမ်းမတော်လမ်းနဲ့ ဟံသာဝတီလမ်းထောင့် အမှတ်(၃)ရပ်ကွက်၊ မြေအကျယ်အဝန်း (၀.၁၉၁)ဧက ပေါ်မှာ လူထုအခြေပြု ဗဟိုဌာနအဆောက်အအုံ ဆောက်လုပ်ပေးရန် ကျန်မြေကို BOT စနစ်နဲ့ ဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ EOI တင်သွင်းဖို့ ဖိတ်ခေါ်ထားပါတယ်။
+++ ကယားပြည်နယ် +++
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ်(၃၆)၊ သုခလမ်း၊ မင်းစုရပ်ကွက်၊ မြေအကျယ်အဝန်း (၀.၅၆)ဧက ပေါ်မှာ လူထုအခြေပြု ဗဟိုဌာန (Community Centre) အဆောက်အအုံဆောက်လုပ်ပေးရန်နဲ့ ကျန်ရှိမြေနေရာကို ဘီအိုတီစနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်ထားပါတယ်။ စိတ်ဝင်စာသူ လုပ်ငန်းရှင်အနေနဲ့ ကျန်ရှိတဲ့ မြေနေရာပေါ်မှာ မိမိတို့ ဆောင်ရွက်မယ့်လုပ်ငန်း စီမံကိန်းတွေပေါ်မှာ ထိုင်ခုံ (၂၅၀)ဆံ DCI Standard ပါဝင်တဲ့ ဒစ်ဂျစ်တယ်ရုပ်ရှင်ပြစက်နဲ့ ပြသနိုင်မယ့် Digital Cinema Package(DCP) ရုပ်ရှင်တစ်ရုံကိုပါ ထည့်သွင်း အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။
EOI ပုံစံတွေကို (၂-၇-၂၀၁၈)ရက်နေ့ကနေ (၁-၈-၂၀၁၈)ရက်နေ့အထိ ရုံးဖွင့်ရက် (၉း၃၀)နာရီကနေ (၄း၃၀)နာရီအတွင်း တစ်စောင်ကို ကျပ် (၁၀,၀၀၀)နှုန်းနဲ့ ဝယ်ယူနိုင်ပြီး ကုမ္ပဏီ မှတ်ပုံတင်ကဒ်ပြား ဒါမှမဟုတ် လုပ်ငန်းလိုင်စင်မိတ္တူ တင်ပြရမှာ ဖြစ်ပါတယ်။ EOI ပုံစံတွေကို (၂-၈-၂၀၁၈)ရက်နေ့ ညနေ (၄း၃၀)နာရီအတွင်း ရုံးအမှတ် (၇) နေပြည်တော်ရှိ EOI လက်ခံရေးနဲ့ စိစစ်ရေးကော်မတီ ရှေ့မှောက်မှာ လာရောက်ပေးသွင်းရမှာဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်တဲ့ အဆိုပြုလွှာတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ ဖုန်းနံပါတ် (၀၆၇-၃၄၁၂၃၆၉/၃၄၁၂၆၂၄) ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေး မြန်းနိုင်ပါတယ်။ EOI ပုံစံကို ထုတ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအမှတ်(၇) နေပြည်တော်မှာ ထုတ်ယူရမှာဖြစ်ပြီး ဖုန်းနံပါတ် (၀၆၇-၃၄၁၂၃၆၉/၃၄၁၂၆၂၄) ဖြစ်ပါတယ်။
EOI ပုံစံကို တင်သွင်းဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပပစ္စည်းများ ဝယ်ယူရေးနဲ့ ထုခွဲရောင်းချရေးကော်မတီ ရုံးအမှတ်(၇)နေပြည်တော်ဖြစ်ပြီး ဖုန်းနံပါတ် (၀၆၇-၃၄၁၂၃၉၀) ကို ဆက်သွယ်နိုင်ပါတယ်။
Credit: The Modern