တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး

တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 11:01 am တွင် တင်ခဲ့သည်
3164 ကြိမ် ကြည့်ရှု့ပြီး
၁၉၉၃ ခုနှစ်တွင် ဂျွန်နီဒက်ပ် ဦးဆောင်ပါဝင် သည့် american dream ရုပ်ရှင်ဇာတ်ကား ကြီးတွင် ပါဝင်ခဲ့သော မင်းသမီးကြီးသည် နယူးယောက်မြို့ရှိ တိုက်ခန်းတစ်ခန်းတွင် တစ်လလျှင် အိမ်ငှားခ ၂၈ ဒသမ ၄၃ ဒေါ်လာ (မြန်မာငွေ ၃၈၁၂၄ ကျပ်- မေလ ၁၇ ငွေလဲနှုန်း ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၄၁ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။) သာပေးရကာ နှစ်ပေါင်း ၆၀ ကျော် နေထိုင် ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းင်းကွယ်လွန်ပြီးနောက်မှ သတင်းများ ထွက်ပေါ်လာသည်။

ပက်ထရစ်ရှာ အို ဂရက်ဒီကို ၁၉၃၃ ခုနှစ်၊ စက်တင် ဘာလ ၁၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီ ဖိုးနီးယားပြည်နယ်၊ အော့က်လန်းတွင် မွေးဖွားသည်။

သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ် တွင် ထုတ်လုပ်ခဲ့သည့် american dream ဖြင့် နာမည်ကျော် သည်။ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် မော်တော်ကားတိုက်ခံရကာ ကွယ်လွန်သွားခဲ့သည်။

ပက်ထရစ်ရှာသည် ဂရင်းဝစ်ရွာရှိ အဆိုပါ အခန်း၌ ၁၉၅၅ ခုနှစ်တွင် စတင်နေထိုင်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အခြားအခန်းဖော် ၂ ဦးတို့နေထိုင်ခဲ့ကြပြီး တစ်လလျှင် ၁၆ ဒေါ်လာသာ အိမ်ငှားခပေးခဲ့ရသည်။

ထိုပမာဏဖြင့် ရရှိရန်အတွက် လူလျှောက်လမ်းများ ကို တံမြက်လှည်းကူညီပေးခဲ့ရသည်ဟုဆိုသည်။ လက်ရှိပိုင်ရှင် မှာ အဒမ် ပိုမာရန့်ဇ်ဆိုသူ ဖြစ်၏။

အဒမ် ပိုမာရန့်ဇ်က ဂရင်းဝစ်ရွာ၊ ဆဌမရိပ်သာလမ်း၊ အမှတ် ၄၉၈ ရှိ အဆောက်အအုံကို ၀ယ်ယူခြင်းမပြုမီကတည်း က ပက်ထရစ်ရှာက အပေါ်ဆုံးထပ်တွင် ငှားရမ်းနေထိုင်လျက် ရှိနေခဲ့ခြင်းဖြစ်သည်။

ပိုမာရန့်ဇ်က အဆိုပါအဆောက်အအုံတွင် သူ၏ ကော်ဖီနှင့်မုန့်ဆိုင် Murray's Bagels ကို ဖွင့်လှစ်ထားသည်။

၂၀၀၂ ခုနှစ်တွင် ပိုမာရန့်ဇ် ၀ယ်ယူလိုက်ပြီးနောက် ပိုင်း ပက်ထရစ်ရှာ၏ အခန်းဖော်များ ပြောင်းရွှေ့သွားခဲ့ကြသော် လည်း ပက်ထရစ်ရှာက တစ်ဦးတည်းဆက်လက်နေထိုင်ခဲ့ပြီး တစ်လလျှင် ၂၆ ဒသမ ၄၅ ဒေါ်လာသာ ပေးနေခဲ့ရာမှ ၂၈ ဒသမ ၄၃ ဒေါ်လာအထိသာ အိမ်လခတိုးတောင်းနိုင်ခဲ့သည် ဟု ဆိုသည်။

ပြီးခဲ့သော မတ်လ ၁၂ ရက်တွင်ကား ပက်ထရစ်ရှာ သည် ၁၃ လမ်းပေါ်တွင် ကားတိုက်ခံရကာ ရရှိသောဒဏ်ရာများ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည်။

ပက်ထရစ်ရှာကွယ်လွန်ပြီးနောက်ပိုင်းတွင် သူ၏ အိမ်ငှားခအကြောင်းမှာ သတင်းစာများ၏ သတင်းခေါင်းကြီး ဖြစ်ကာ နာမည်ကျော်လာခဲ့သည်။

ပက်ထရစ်ရှာသည် အဆိုပါအခန်းတွင် တစ်လလျှင် ၂၈ ဒေါ်လာသာပေးကာ ၆၃ နှစ်ကြာနေထိုင်သွားခဲ့ခြင်းမှာ မယုံနိုင်ဖွယ်သတင်းတစ်ရပ်ဖြစ်နေပြီး ပိုင်ရှင်ဖြစ်သူ အဒမ် ပိုမာရန့်ဇ်ကိုလည်း လူသားဆန်သော မြေပိုင်ရှင်အဖြစ် ကောင်းချီး ထောပနာ ပြုကြသည်။

ပက်ထရစ်ရှာတို့ စတင်နေထိုင်ခဲ့စဉ်က အခန်းလွတ် သာဖြစ်ပြီး ကြမ်းပြင်နှင့် နံရံများသာရှိသည်။

နောက်ပိုင်းတွင်မှ ၎င်းင်းတို့ဘာသာ ရေစိမ်ကန်တစ်ခု ထည့် သွင်းခြင်းနှင့် အခြားအသုံးအဆောင်များ ထည့်သွင်းခဲ့ရ ခြင်းဖြစ်သည်။

သို့ရာတွင် ယနေ့တိုင်အောင် အပူပေးစနစ်နှင့် ရေပူ စနစ်များ တပ်ဆင်ထားခြင်းမရှိ။ မီးလင်းဖို နှစ်ခုကားရှိသည်။
အိမ်ရှင် ပိုမာရန့်ဇ်က လူသားဆန်သော အိမ်ရှင်ဖြစ်၏။ အပူ ပေးစနစ်အပါအ၀င် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးမည်ဟု ပြော ခဲ့သော်လည်း ပက်ထရစ်ရှာက အိမ်ငှားခအနည်းငယ်သာပေး နေရခြင်းမှာ အပြစ်ရှိသကဲ့သို့ ခံစားရခြင်းကြောင့် မွမ်းမံမှုများ ပြုလုပ်ရန် လက်မခံခဲ့ဟု ဆိုသည်။

“မင်းလုပ်နေတာတွေက ငါ့ကို ညှင်းပန်းနှိပ်စက်နေ သလိုပဲ။ အခန်းကိုဒီတိုင်းပဲထားပါ။ ငါအဆင်ပြေပါတယ်”ဟု ပက်ထရစ်ရှာက ပြောသည်။

“သူက ပြင်ဆင်မှာကို မလိုလားဘူး။ အခန်းမှာက ရေချိုးခန်းလည်းမရှိ၊ ရေပန်းလည်းမရှိဘူး။ ဓာတ်ငွေ့မီးလုံး တစ်ခုပဲရှိတယ်” ဟု အိမ်ရှင် ပိုမာရန့်ဇ်က ဆိုသည်။

နောက်ပိုင်းတွင်မူ ပက်ထရစ်ရှာ ငြင်းဆန်သည့်ကြား မှ အိမ်ရှင် ပိုမာရန့်ဇ်က အပူပေးစနစ်တစ်ခု တပ်ဆင်ပေးခဲ့ သည်။ အဆိုပါ အပူပေးစနစ်တပ်ဆင်ခြင်းအတွက် ဒေါ်လာ ၁၂၀၀၀ ခန့်ကုန်ကျခဲ့သည်။ ယင်းပမာဏမှာ ပက်ထရစ်ရှာ ၃၅ နှစ်စာ ပေးခဲ့သည့် အိမ်လခပမာဏပင် ဖြစ်၏။

ပက်ထရစ်ရှာ ကွယ်လွန်သွားလျှင် ပိုမာရန့်ဇ်က အဆိုပါ အခန်းကို ပြန်လည်မွမ်းမံကာ တစ်လလျှင် ကန်ဒေါ်လာ ၅၀၀၀ ဖြင့် ငှားရမ်းသွားရန် စိတ်ကူးထားသည်။ ။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး - Property News in Myanmar from iMyanmarHouse.com
တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး - Property News in Myanmar from iMyanmarHouse.com
တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး - Property News in Myanmar from iMyanmarHouse.com
တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး - Property News in Myanmar from iMyanmarHouse.com
တစ်လလျှင် ၂၈ ဒေါ်လာနှင့် နယူးယောက်တိုက်ခန်းကိုနှစ် ၆၀ ကျော်နေထိုင်ခဲ့သည့် မင်းသမီးကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service