Universal Construction မှ တည်ဆောက်ထားသည့် မြောက်ဒဂုံမြို့နယ်ရှိ Pinlon Village Residences ကွန်ဒို အခန်းအပ်ပွဲ နှင့် ကွန်ဒိုအထူးအရောင်းပြပွဲတစ်ရပ်ကို ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၃ဝ ရက်နေ့ နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ကျင်းပခဲ့ကြောင်း သိရသည်။
Pinlon Village Residences သည် အမှတ် (၃/၁) ၊ ရှုခင်းသာလမ်းသွယ် ၊ (၂၇) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ဆိတ်ငြိမ် VIP ရပ်ကွက်တွင် တည်ရှိပြီး Landscaping ကောင်းကောင်း ၊ ရေကူးကန် ကျယ်ကျယ်နှင့် Club House ပါသည့် အဆင့်မြင့်ကွန်ဒိုဖြစ်သည်။
Pinlon Village Residences ကို အကျယ်အဝန်း ၅ ဧကရှိသည့် ဂရမ်မြေပေါ်တွင် (၄) ခန်းတွဲ (၄) ထပ်တိုက် အဆောက်အဦး (၁ဝ) လုံး ကို ဆောက်လုပ်ထားပြီး Phase 1 နှင့် Phase 2 ထားရှိထားပါသည်။
အဆိုပါကွန်ဒိုသည် Pile foundation (လေးထပ် အဆောက်အဦဖြစ်သော်လည်း) သဘာဝပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်စေနိုင်သော air-con copper pipe များ တပ်ဆင်ပေးထားပါသည်။
“ အရောင်းပြပွဲ (၂) ရက်အတွင်းမှာ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) က Pinlon Village Residences ကွန်ဒိုကို အခန်းအပ်ပွဲနဲ့အတူ ပရိုမိုးရှင်းပေးပြီးတော့ ရောင်းချပေးခဲ့ပါတယ်။ ငွေပေးချေမှုပုံစံအနေနဲ့ အတိုးမဲ့ ၂ နှစ်အရစ်ကျအပြင် KBZ Bank ၊ AYA Bank တို့နဲ့လည်း ချိတ်ဆက်ပြီးတော့ အိမ်ရာချေးငွေနဲ့ ဝယ်ယူနိုင်ရန် ငွေပေးချေမှုပုံကို (၃) မျိုး စီစဉ်ပေးထားပါတယ်။ ” ဟု အခန်းအပ်ပွဲနှင့် အရောင်းပြပွဲကို စီစဉ်ကျင်းပခဲ့သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
Pinlon Village Residences သည် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း နှင့် သုဝဏ္ဏ မြို့နယ်တို့၏ လမ်းဆုံလမ်းခွတွင် တည်ခြင်းကြောင့် သွားလာရလွယ်ကူပြီး မြောက်ဒဂုံ ပင်လုံအိမ်ရာ ၊ ပင်လုံဆေးရုံ ၊ City Mart ၊ ပင်လုံနှင်းဆီ ကိုယ်ပိုင်အထက်တန်းကျောင်းတို့နှင့် အနီးတဝိုက်မှာတည်ရှိသည့် ကွန်ဒိုဖြစ်သည်။ ဆိတ်ငြိမ်ရပ်ကွက်တွင် လုံးချင်းအိမ်မှာ နေရသကဲ့သို့ ခံစားမှုမျိုးရရှိမှာ ဖြစ်သဖြင့် တိတ်ဆိတ်အေးချမ်းစွာ နေချင်သူတွေအတွက် အထူးသင့်တော်ကြောင်း သိရသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)