ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမား ၃ ဦး အလုပ်လုပ်နေကြ၏။တစ်နေ့တွင်ကား နေ့လယ်စာ အတူထိုင်စားကြလေသည်။
အာဖရိက အလုပ်သမားက နေ့လယ်စာဘူးကို ဖွင့်လိုက်ရာ ဆန်ကြမ်းထမင်းသာ တွေ့ရ၏။ ထို့ကြောင့် နောက်နေ့တွင် ဆန်ကြမ်းစားရဦးမည်ဆိုပါက တိုက်ပေါ်မှ ခုန်ချမည်ဟု ပြောလေသည်။
မက္ကဆီကန် အလုပ်သမားက နေ့လည်စာဘူး ဖွင့်လိုက်ရာ ပြောင်းဖူးမုန့်တစ်ခုသာ တွေ့ရရာ မနက်ဖြန်တွင် ပြောင်းဖူးမုန့်စားရဦးမည်ဆိုလျှင် တိုက်ပေါ်မှ ခုန်ချမည်ဟု ပြောပြန်သည်။
အမေရိကန်အလုပ်သမားက ထမင်းဘူးဖွင့်လိုက်ရာတွင် ကြက်ကြော်တစ်တုံးတွေ့၏။ သူကလည်း ကြက်ကြော်သာ နေ့တိုင်းစားနေရသောကြောင့် နောက်နေ့တွင် ကြက်ကြော်စားရဦးမည်ဆိုပါက တိုက်ပေါ်မှ ခုန်ချမည်ဟု ဆိုပြန်၏။
နောက်နေ့တွင်ကား အာဖရိက အလုပ်သမားသည် နေ့လည်စာဘူးဖွင့်လိုက်ရာ ဆန်ကြမ်းထမင်းသာ တွေ့သောကြောင့် တိုက်ပေါ်မှ ခုန်ချသွား၏။
မက္ကဆီကန် အလုပ်သမားက နေ့လည်စာဘူး ဖွင့်လိုက်ရာ ပြောင်းဖူးမုန့်သာ တွေ့ခြင်းကြောင့် တိုက်ပေါ်မှ ခုန်ချသွားပြန်သည်။
အမေရိကန်ကလည်း ကြက်ကြော်သာတွေ့သောကြောင့် ဆက်လက်ခုန်ချသွား၏။
၎င်းတို့၏ ဈာပနအခမ်းအနားတွင် အာဖရိကအလုပ်သမား၏ ဇနီးက “ဆန်ကြမ်းတွေ သူ..မကြိုက်ဘူးဆိုတာသာ ကျွန်မသိခဲ့ရင် တခြားတစ်ခုခု စီစဉ်ပေးပါတယ်” ဟု ဝမ်းနည်းစွာ ငိုကြွေးရင်းဆို၏။
မက္ကဆီကန်၏ ဇနီးကလည်း “ကျွန်မလည်း သူ..ပြောင်းဖူးမုန့် မကြိုက်ရင် တခြားဟာ ထည့်ပေးပါတယ်” ဟု ဆိုပြန်သည်။
အမေရိကန်၏ ဇနီးပြောသည်မှာကား “ ကျွန်မကို ကြည့်မနေကြနဲ့..အဲ့ဒီနေ့လယ်စာဘူးကို သူ့ဟာသူ ထည့်သွားတာ” ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)