ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေဖြင့် ဆောင်ရွက်မည့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင်ပဲခူး မှ ဖြူးမြို့အထိ လမ်းပိုင်းအဆင့်မြှင့်တင်ရေးအတွက် သြဂုတ်လတွင် စာချုပ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း မြန်မာ့ မီးရထား စီမံကိန်းပရောဂျက် ဒါရိုက်တာထံမှ သိရသည်။
ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ခြံစည်းရိုးခတ်ခြင်း၊တံတားများပြုပြင်ခြင်း၊ရထားခုန်ခြင်းလျှော့ကျရန်ဆောင်ရွက်ခြင်း၊စက်ခေါင်းမောင်းနှင်ခြင်းအတွက် ဂျပန်နည်းပညာ နှင့် အဆင့်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုခြင်း နှင့် ကုန်တင်ကုန်ချပြုလုပ်မည့် ခေတ်မီ စက်ယန္တရားတပ်ဆင်ခြင်းနှင့် ရထားသွားလာမှု စောင့်ကြည့်သည့် စနစ်များဖြင့် ပါဝင်မည်ဖြစ်သည်။
လမ်းပိုင်းများကို အရင်လေ့လာစစ်ဆေးနေပြီး ပဲခူးမှ ဖြူးမြို့အထိ လမ်းပိုင်းအား အရင်ဆုံး အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။
သြဂုတ်လတွင် စာချုပ်ချုပ်ဆို တော့မည်ဖြစ်သည်။အဆင့်မြှင့်တင်သည့်လုပ်ငန်းများ စတော့မည့်အတွက် ဘယ်ကုမ္ပဏီ နှင့် ဘယ်လိုလုပ် မည်ဆိုတာပွင့်ပွင့်လင်းလင်း ချပြရမှာပါ။
လက်ရှိဆွေးနွေးညှိနှိုင်းသည့် အဆင့်ဖြစ်၍ အလုံးစုံ မပြောနိုင်သေးခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။အဆိုပါ လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် JICA ချေးငွေ ကန်ဒေါ်လာ ၂၇ဝ ဒသမ ၆၄ ဘီလီယံ သုံးစွဲမည်ဖြစ်ပြီး ၂ဝ၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅.၅ မိုင်ရှည်လျားပြီး သယ်ယူပို့ဆောင်ရေးအနေဖြင့် အမြန်ရထားခြောက်စင်း၊စာပို့ရထားနှစ်စင်း၊ရန်ကုန်-နေပြည်တော် အစုန်၊အဆန်ရထားလေးစင်း တို့ဖြင့် ပြေးဆွဲလျက်ရှိကြောင့် မြန်မာ့မီးရထား တိုင်း(၇) သွားလာပို့ဆောင်ရေးဌာနမှ သိရသည်။
Credit :Myawaddy