ဒလမြစ်ကူးတံတားဒီဇိုင်း ပြင်ဆင်ပြီး နိုင်ငံတော် သမ္မတ ရုံးသို့တင်ပြထားကြောင်း ဒလတံ တားတည်ဆောက်ရေး စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက နေပြည် တော်တွင် ယမန်နေ့က သတင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့သည်။
ပြင်ဆင်သည့် အဆိုပါ ဒီဇိုင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း သဘောတူထားပြီး တံတားတည်ဆောက်ရေးအတွက် သမ္မတရုံး ကလာမည့် ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိကြောင်း ၎င်းကပြောသည်။
ဒီဇိုင်းပြောင်းလဲခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုများ ပြားလာမည်ဖြစ်ကြောင်း ဦးကျော်ကောင်းချို က ဆက်လက်ရှင်းပြသည်။
ဒလတံတားတည်ဆောက် ရန် ကိုရီးယားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုရန်ပုံငွေမှ ချေးငွေကန်ဒေါ် လာ သန်း ၁၃၀ ကျော်အပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၁၆၈ သန်းကျော် အသုံးပြုမည် ဖြစ် သည်။
ဒလတံတား တည်ဆောက်ချိန်ကို ၃၉ လ သတ်မှတ်ထားပြီး၂၀၂၁ မတ်လတွင် ဖွင့်နိုင်ရန်သတ်မှတ်ထားသော်လည်း လက်ရှိအချိန် အထိ မဆောက်လုပ်နိုင် သောကြောင့် သတ်မှတ်ရက် ထက် နောက်ကျမည်ဖြစ်ကြောင်း တည်ဆောက်ရေးစီမံကိန်း တာ ၀န်ခံက ဆိုသည်။
ပြောင်းလဲတည်ဆောက်မည့် တံတားအကျယ်သည် ၃၇၀ မီ တာရှိ၍ ရေလမ်းကြောင်းကင်း လွတ်အကျယ် ၃၀၁ မီတာနှင့် အမြင့်ပေ ၄၉ မီတာရှိမည့် အစီ အစဉ်ကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း သဘောတူ လက်ခံထားကြောင်း ဦးကျော်ကောင်းချိုက ပြောကြား သည်။
ဒလတံတားအမြန်ဆုံးတည်ဆောက်ရန် လူဦးရေတစ်ထောင် ခန့်က ဇွန်လ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုထားသည်။ ဒလတံတားစီမံကိန်းကို ယခင်အ စိုးရလက်ထက်ကတည်းက တည်ဆောက်ရန် စီစဉ်ခဲ့သော် လည်း မအောင်မြင်သေးပေ။
Credit: 7Daydaily