ဗဟိုဘဏ်က ဘဏ်များ နှင့် ငွေလဲကောင်တာ တာဝန်ရှိသူ များအား တွေ့ဆုံပြီးနောက် လေး ရက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၄၀၀ ခန့်သို့ ပြန်လည်ရောက်ရှိလာသည်။
ပည်တွင်း ငွေကြေးဈေး ကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုး ကျပ် ၁,၄၀၀ ကျော်အထိ မြင့်တက်လာခြင်းကြောင့် ဗဟို ဘဏ်က ဘဏ်နှင့်ငွေလဲကောင် တာ တာဝန်ရှိသူများအား ဇွန်လ ၂၉ ရက်တွင် ခေါ်ယူတွေ့ဆုံပြီး နောက် ဇွန်လ ၃၀ ရက်တွင် ကန် တစ်ဒေါ်လာ ၁,၃၈၀ ကျပ်သို့ ပြန် လည်ကျဆင်းလာသည်။
သို့သော် ငွေကြေးဈေးကွက် ပြန်လည်စတင်သည့် ဇူလိုင် ၂ ရက်ကစ၍ ကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင်၃ ရက် နံနက်ဈေးဖွင့်ချိန်တွင် ကျပ် ၁,၄၀၀ ခန့်သို့ ပြန်လည်ရောက်ရှိလာသည်။
ပြည်ပသို့ ငွေလွှဲပေးပို့မှုများ ခြင်း၊ ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဝယ်လိုအားများခြင်း ကြောင့် ဈေးနှုန်း ပြန်လည်မြင့် တက်လာသည်ဟု ငွေလွှဲဝန် ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အမေရိကန်ဒေါ်လာတန်ဖိုး သည် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် လဲလှယ်နှုန်းတွင် တန်ဖိုးမြင့်တက် နေသည်။
ထို့အတူ မြန်မာကျပ်ငွေနှင့် လဲလှယ်နှုန်းလည်း ဆက် တိုက်မြင့်တက်လာပြီး ဇွန်လ တစ်လအတွင်း ကန်ဒေါ်လာတန်ဖိုး၅ ရာခိုင်နှုန်းကျော် တက် ခဲ့သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
မြန်မာကျပ်ငွေနှင့် အမေရိ ကန်ဒေါ်လာ လဲလှယ်နှုန်း မြင့် တက်မှုများရခြင်းက ပို့ကုန်နည်း ပြီး သွင်းကုန်များနေခြင်း၊ ဒေါ် လာဈေးမြင့်တက်ရန် အရောင်း အဝယ်ပြုလုပ်ပြီး ကစားခြင်းတို့ ကြောင့် ဖြစ်ရသည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ် သည်။
Credit: 7Daydaily