အိမ်ခြံမြေ အငှား၊ အရောင်းဈေးကွက် ပြန်လည်မြင့်တက်လာဟုဆို

အိမ်ခြံမြေ အငှား၊ အရောင်းဈေးကွက် ပြန်လည်မြင့်တက်လာဟုဆို - Property News in Myanmar from iMyanmarHouse.com
3 Jul 2018 11:58 am တွင် တင်ခဲ့သည်
3216 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း အိမ်ခြံမြေအရောင်း၊ အငှားဖြစ်ထွန်းမှု သွက်သွက်လက်လက်ဖြင့် ပြန်လည်မြင့်တက်လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှသိရသည်။

“ ဝါကျွတ်ကာလပြီးတဲ့ နောက်ပိုင်းမှာဆိုရင်တော့ ပြန်ပြီးတော့ တက်လာမယ်လို့ မှန်းထားပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၈ ယှဉ်လိုက်မယ်ဆိုရင် ပထမသုံးလပတ်အတွင်း အရောင်းရော၊ အငှားပါ ၂၀၁၈ ခုနှစ်မှာ ပိုပြီးတော့ဖြစ်လာတာကို တွေ့ရတယ်။ ၁၅ ရာခိုင်နှုန်းလောက်အထိ ပိုပြီးတော့ ဖြစ်လာတယ်″ ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေဂျင်းဒါရိုက် တာ ဦးနေမင်းသူကပြောဆိုသည်။

ထို့ပြင် အရောင်းအဝယ်အေးစက်နေသည့် ရန်ကုန်မြို့ဧရိယာနှင့် စီမံကိန်းဖော်ဆောင်မည့်နေရာများတွင် အိမ်ခြံမြေအရောင်း၊ အဝယ်များ ပိုမိုဖြစ်ထွန်းနေကြောင်း သိရသည်။

“ အရမ်းအေးတဲ့ ကာလကနေနည်းနည်းလေး သက်ဝင်လှုပ်ရှားလာပါတယ်။ တကယ်လည်း အရောင်းအဝယ်လုပ်လာကြတယ်။ တကယ်လည်း ပြန်ဖြစ်လာတယ်။ ငွေကတော့ နည်းနည်းပြန်ပေါ်လာတယ်။ ဖြစ်လာတဲ့ဟာက ရန်ကုန်မြို့ဆိုရင် ဖွံ့ဖြိုးပြီးတဲ့ မြို့နယ်တွေက တော်တော်လေး အရောင်းအဝယ်အေးသွားတာပေါ့။ ဈေးသက်သာပြီး စီမံကိန်းဧရိယာတွေဆီ ရွှေ့ပြီးလုပ်ကြတာပေါ့။ အခု နောက်ပိုင်း စီမံကိန်းဧရိယာနဲ့ ရန်ကုန်မြို့တွင်း ၃၄ မြို့နယ်မှာ ပြန်ဖြစ်လာတာပေါ့လေ” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောဆိုသည်။

အိမ်ခြံမြေဈေးကွက်သည် ၂၀၁၇ ခုနှစ်အတွင်း အေးစက်နေခဲ့ပြီး ကွန်ဒိုမီနီယံဥပဒေပေါ်ထွက်လာမှုကြောင့် ယခုနှစ်ဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လည် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Credit: စံတော်ချိန်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service