လူတိုင်း ဒီနေ့ ဒီအလုပ် လုပ်နေသော်လည်း နောက်ရက် ဘာလုပ်မည်၊ ဘယ်လိုလုပ် မည်ဟု ပိုကောင်းသော ကြိုတင်အတွေး တွေ စိတ်ထဲတွင်ရှိတတ်ကြသည်။ ကိုယ် တွေးနိုင်သည့် အဆင့်နှင့် ကိုယ်မြင်ကြည့် တတ်သည့် ပုံရိပ်တို့က ကိုယ့်အနာဂတ် အိပ်မက်တို့ကို ပြဋ္ဌာန်းတတ်ကြသည်။ ဒီနေ့ ဒီအချိန်မှာ ကိုယ်ဟာ အခန်းကျဉ်း လေးအတွင်းမှာ နေချင်ချင် မနေချင်ချင် သည်းခံနေပြီး နောက်တစ်နေ့မှာ ကိုယ် ဟာ ဘယ်လိုအိမ်မျိုးနှင့် နေနိုင်ဖို့လုပ် မည်ဟူသော အတွေးအိပ်မက်၊ စိတ်ကူး တတ်ကြသည်။ အချို့သည် မိမိအတွေး စိတ်ကူးအိပ်မက်ကို ရအောင်ပုံဖော်ကြ သည်။ အချို့သော သူတို့လည်း မခိုင်မာ သော မိမိ၏အတွေးအိပ်မက်စိတ်ကူးတို့ အချိန်ကြာလာသည်နှင့်အမျှ ပါးလျ ပျောက်ကွယ်သွားကြသည်။
သို့သော်လည်း လူတိုင်းမက် ခွင့်ရှိသော အနာဂတ်စိတ်ကူးအိပ်မက် တို့ကို မက်ဖြစ်အောင်တော့ မက်ကြသေး သည်။
ကြိုးစားရုန်းကန်နေရသူအနေ နှင့် ရရှိလာသော အခြေအနေပေါ် မူ တည်ပြီး အခွင့်အရေးကို အရအမိဆုပ် ကိုင်ပြီး လမ်းကြောင်းရှာတတ်သည်။
စာရေးသူ တွေ့ဖူးသည့် ပုဂိ္ဂုလ် တစ်ဦးအကြောင်းဖြစ်သည်။ သူ့အမည် က ကိုနိုင်ကြည်။ သူက အညာသားတစ် ယောက်ဖြစ်သည်။ အညာကိုလာတာဝန် ထမ်းဆောင်သည့် အစိုးရ၀န်ထမ်း ဒုဦးစီး မှူးဆရာ၏ မေတ်္တာတရားကြောင့် ရန်ကုန် မြို့ကြီးတွင် ခြေချခွင့်ရခဲ့သူဖြစ်သည်။ အစိုးရ ၀န်ထမ်း ဒုဦးစီးမှူး၏ ၀န်ထမ်းလစာ နှင့် ရန်ကုန်မြို့ကြီးမှာ လူတစ်ယောက် နေစရိတ်၊ စားစရိတ် အသုံးစရိတ်၊ ကျောင်း စရိတ်တို့သည် ရေရှည်တွင် တာဝန်ယူဖို့ ခက်ခဲသည်။ ဒုဦးစီးမှူးသည် လူပျိုကြီး ဆို ပေမယ့် ၎င်းင်း ၏မိခင်နှင့် ညီအစ်ကိုမောင် နှမတို့၏ ငြိုငြင်မှုမရှိရလေအောင် အစီ အစဉ် လုပ်ပေးသည်။ သူခေါ်လာသည့်သူ အတွက် ငွေတန်ဖိုးသိအောင်၊ ငွေရှာရ တာ မလွယ်ကူခြင်းရဲ့အကြောင်းကို သိ အောင်၊ ဆိုက်ကားတစ်စီးထောင်ပေးလိုက် သည်။ ရန်ကုန်ရောက်သည့်နှစ်က ဆယ် တန်းတက်ရမည့်နှစ်ဖြစ်ရာ မနက်စောစော ထ၊ အိမ်မှုကိစ်္စ၀ိုင်းကူပြီး ကျောင်းအမီ တက်ရသည်။ ကျောင်းဆင်းအိမ်ပြန်လျှင် ဆိုက်ကားနင်းထွက်ရသည်။ ထိုရသည့် ငွေဖြင့် ကျောင်းစရိတ်၊ မိမိအသုံးစရိတ် တို့အဖြစ် အသုံးချရသည်။ ဆိုက်ကား ဂိတ်ထိုးချိန်တွင် စာကြည့်ရသည်။ ဆိုက် ကားနင်းပြီး ကျောင်းတက်ရခြင်း၊ ပညာ ရေးကို မဖြစ်မနေအောင်မြင်အောင်လုပ်ရမည်ဟူသော ရည်မှန်းချက်ကိုလည်း မပြတ်ထားရှိသည်။ ကျောင်းရှိဆရာ ဆရာမများနှင့် အပေါင်းအသင်းတို့က လည်း ဆိုက်ကားနင်းပြီး ကျောင်းတက် သူဟူ၍ နှိမ့်ချစော်ကားခြင်းမလုပ်၊ လေး စားအားပေးကြသည်။ ထိုအနေအထား ကို သူ မနှစ်သက်ပါ၊ မတင်းတိမ်ပါ။ လက်ရှိအနေအထားထက် မြင့်တတ်သော အတွေး သူ့ တွင်ရှိနေသည်။ ၀ါသနာအများစု ထဲက ဓာတ်ကျရာတို့က အခွင့်သင့်လာ သည်။
အိမ်ရှိ လျှပ်စစ်မီးဖိုမှ ကွိုင်ကြိုး တို့ပျက်သည့်အခါ မီးဖိုကိုပြင်တဲ့သူဆီ အပ်ရသည်။ မကြာခဏလည်း ပျက်သည်။ ထိုအခါ မီးဖိုသွားအပ်ရင် လျှပ်စစ် မီးဆရာ၏ လုပ်ကိုင်နေပုံကိုကြည့်ပြီး နည်းယူသည်။ နောက်တစ်ခါ ပျက်သော အခါ သူ့ဟာသူဖြုတ်တပ် ပြင်ဆင်သည်။ အဆင်ပြေသောအခါ ၀ါသနာနှင့် အသက် မွေးဝမ်းကျောင်းတို့၏ဆုံချက်ကို ရောက် သွားသည်။ စိတ်ဝင်စားသဖြင့် လျှပ်စစ် ပညာကို လေ့လာသည်။ အတန်းပညာ ရပ်ကိုလည်း ဗိုလ်တထောင်ကောလိပ် တွင် ညကျောင်းတက်သည်။
နတ်မောက်ကျောင်းတွင် လျှပ်စစ်ပညာရပ်ကို သင်ယူသည်။ ဆိုက်ကား လည်းနင်းသည်။ နီးစပ်ရာအိမ်တို့က မီးကြိုးသွယ်တန်းခြင်းကိစ္စလိုအပ်လာ ပါက သွားလုပ်သည်။ ပညာရေးကိုလည်း မပျက်ကြိုးစားသည်။ စာမေးပွဲနီးလျှင် လုပ်ငန်းတို့ရပ်နားပြီး ကျောင်းကိစ်္စ အတွက် ဦးစားပေးသည်။ ခရက်တစ်ငါး ဘာသာနှင့် ကွာလီဖိုင်း ၀င်သည်။ မဟာ တန်းတက်ခွင့်ရပါလျက် ပညာရေးကို ရပ်နားလိုက်သည်။
တစ်ခုနှင့်တစ်ခုကူးပြောင်းဖို့ အားယူရင်း ထိုက်သင့်သောအချိန်တို ပေးဆပ်နေခဲ့ရသည်။ အတွေးတို့က စိတ်ထဲတွင် ဖြစ်ပေါ်နေသည်။ လက်ရှိ နေသော အိမ်သည့်ကိုယ့်အိမ်မဟုတ် တစ်ချိန်တွင် ပိုင်ရှင်ပြန်လာမည်။ နေခွင့် ရသော အိမ်သည်ကောင်းပါသည်။ ရန်ကုန် ကိုခေါ်လာသော ဒုဦးစီးမှူး သူ့ဆရာ၏ အစ်ကို့အိမ်ဖြစ်သည်။ မီးရထားဌာန ဆရာဝန်ကြီးဖြစ်တာနှင့်အညီ နယ်တွင် တာဝန်ထမ်းဆောင်နေရသည်။ အိမ် ပိုင်ရှင်ပြန်လာလျှင် မိမိတို့ နေစရာပျောက် တော့မည်။ ထိုအတွေးကလည်း ရင်ထဲ မှာရှိနေသည်။ အလုပ်လုပ်ပြီး ပြန်လာလို့ စိတ်လက်ချမ်းသာစွာ ကျောချစရာ ကိုယ်ပိုင်နေရာရှိရင် မည်မျှကောင်းမည် နည်းဟူသော အတွေးကို မကြာမကြာ တွေးမိသည်။
အညာက ညီအစ်ကို တွေကို ခေါ်ထားမိသည်။ ထိုထဲက တစ် ယောက်က ဒုဦးစီးမှူး၏ညီမအိမ်တွင် သွားနေသည်။ အိမ်ဝေယျာဝစ်္စကူပြီး ကျောင်းတက်ရသည်။ ကျန်တစ်ယောက် က သူနှင့်အတူနေပြီး သူတတ်သည့် လျှပ်စစ်ပညာရပ်ကို သင်ပေးသည်။ သူ လည်း အတတ်မြန်သည်။ ထို့ကြောင့် ထိုအချိန်က ဆောက်လုပ်ရေးလုပ်ငန်းတို့ အားကောင်းနေသော အခြေအနေတွင် ခင်မင်ရာအပ်ထည်ရှိသော လုပ်ငန်းဆိုက် တို့တွင် လုပ်နေကြရပြီဖြစ်သည်။
ဆရာဝန်၏နေအိမ် မှာ ဆရာဝန်ပြန်ရောက်လာလျှင် မိမိတို့ စွန့်ခွာရမည်။ စွန့်ခွာပြီး ဒုဦးစီးမှူး ဆရာ့ ထံသွားပြန်နေဖို့လည်း မသွားချင်တော့ ပြီ။ စုဆောင်းထားသည့် ငွေလေးဖြင့် သမ၀ါယမပိုင်အခန်းလေးတစ်ခုကို သောင်းဂဏန်းနှင့် ငှားလိုက်သည်။ နေ စရာကြပ်ကြပ်တည်းတည်းတွင် သည်းခံ ပြီးနေခဲ့သည်။
ညီဖြစ်သူကို ဆိုင်ထိုင်ခိုင်းပြီး လျှပ်စစ်၊ ပန်ကာ၊ လျှပ်စစ်မီးပူ၊ လျှပ်စစ် ပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ မော်တာ အစရှိ သည်တို့ကို ပြုပြင်စေသည်။ တပည့် သုံး လေးယောက်နှင့် သူကိုယ်တိုင်က ကန် ထရိုက်တို့နှင့် လုံးချင်းအိမ်တို့ကို မီးဆင် သည်။
အခြေအနေပြောင်းလဲဖို့အတွက် ပုံမှန်ထက်လုပ်လိုက်ရသော ဆိုက်တစ်ခု က ငွေငါးသိန်းခန့်စုမိသည်။ ထိုငွေလေး ကို မပျောက်ပျက်အောင် သိမ်းထား သည်။ အခွင့်ကောင်းကလည်း ကပ်ပြီး ပါလာသည်။ ဒဂုံ(အရှေ့ပိုင်း) ၁၁ ရပ်ကွက် တွင် ပေ ၄၀၊ ပေ၆၀ မြေတစ်ကွက် ရောင်းဖို့ရှိသည်ကို တစ်ဆင့်စကား သိ ရသည်။ ထိုစဉ်က ၎င်းင်းနေရာရှိ မြေကွက် ဈေးသည် ယခုအချိန်နှင့်နှိုင်းယှဉ်လျှင် တစ်ခြားစီဖြစ်သည်။ ၎င်းမြေကွက် ခြောက် သိန်းခေါ်သည်။ တစ်သိန်းလိုနေသည်။ ထိုအခြေအနေကိုသိသော မိတ်ဆွေတစ်ဦး က ထိုစဉ်က ငွေကြေးတန်ဖိုးအရ မနည်း သော တစ်သိန်းကို အတိုးမယူဘဲ ပက်က နည်း ကောက်ချေးခဲ့သည်။ ၀ယ်ဖြစ်အောင် တိုက်တွန်းပေးသည်။ မိတ်ဆွေကောင်းဆို သည်ကလည်း ရခဲဘိခြင်း။ ထိုငွေဖြင့်ပင် မြေကွက်တစ်ကွက်ကို အရယူခဲ့လိုက် သည်။
ဆောက်မည့်တိုက်ဆောက်လုပ် ဆဲတွင် မီးလိုင်းတို့ဆင်ရာတွင် (ပန်းရံ နှင့် မီး) တွဲပြီးလုပ်ရသဖြင့် ကွန်ကရစ် ဖျော်စပ်မှုလည်း သိလာခဲ့သည်။ ထို့ ကြောင့် မိမိဘာသာ အုပ်ဖိနပ်တို့ကို အကောင်းဆုံးပုံစံချသည်။ ထိုမြေကွက် တွင် ထားရှိထားသည်။ အိမ်ပုံစံဒီဇိုင်း ကိုလည်း မိမိဘာသာရေးဆွဲပြီး အုတ် ဖိနပ်ချ၍ သံတိုင်တို့ထူပြီး အမိုးအရင် မိုးထားလိုက်သည်။ နောက်ဖေးမီးဖို ဆောင်နှင့် ရေချိုးခန်း အိမ်သာတို့ကို အရင်ဆောက်ထားလိုက်သည်။
အိမ်ရှေ့ခန်း၊ အလယ်ခန်းတို့ ကို ဖြည်းဖြည်းချင်းဆောက်မည်ဟု လျာ ထားသည်။ တစ်ဖက်က လုပ်ငန်းလေး ကလည်း ကောင်းလာသဖြင့် ရလာသည့် ငွေကြေးလေးများကို အိမ်အတွက်ဖြည့် ဆည်းသည်။ ကြမ်းခင်းတို့လောင်းသည်။ မိမိအိမ်အတွက် ဖြည့်ဆည်းလိုက်နှင့် နှစ်ကာလတော်တော်ကြာအောင် တည် ဆောက်ယူ လုပ်ယူရသည်။
လှုပ်ရှားရုန်းကန်ရင်းနှင့် မိမိ ၏ အိပ်မက်စိတ်ကူးကိုလည်း မမေ့အောင် ပုံဖော်ကြိုးစားခဲ့သည်။ ခုန်ပျံကျော်လွှား ခဲ့သည်မဟုတ် တစ်နေ့တစ်လံဆိုသလို ပန်းတိုင်ဟာ သူ့အလိုလိုလက်ထဲမှာ ရောက်လာသည်မဟုတ် အမိအရ သွား ရောက် ဆုပ်ကိုင်ယူရသည်။
တဖြည်းဖြည်းနှင့် အိမ်ဟာ ရုပ် လုံးပေါ်လာပြီဖြစ်သည်။ ဘ၀သည်လည်း ပို၍ အဓိပ်္ပာယ်ရှိသည်ဟု ခံစားမိလာ သည်။ ညီအစ်ကိုမောင်နှမတွေနှင့် သိုက်သိုက်ဝန်းဝန်း စိုပြည်စည်ကားလာ သည်။
" အိမ်နှင့် မိသားစုဆိုသည့် အသိုက်အ၀န်းက မပြေလည်မှုလေးတွေ စိတ်ဆိုးဒေါသထွက်စရာတွေရှိကြမည်။ ပြုပြင်ရမည် ပြေလည်ရမည်၊ အခက်အခဲ တို့ကို ကျော်လွှားခဲ့ပြီးကာမှ ဒီအသိုက် အ၀န်းကိုတော့ အပျက်မခံနိုင်တော့ပါ။ အညာဒေသကနေပြီး သေတ်္တာလေး တစ်လုံးနှင့် ဆင်းခဲ့ရသည့်ဘ၀မှ မဟာ ရန်ကုန်မြို့ကြီးမှာ သက်သောင့်သက်သာ ကျောချစရာ နေစရာအိမ်တစ်လုံး ပိုင် ဆိုင်မှု အ၀န်းအ၀ိုင်းကို ငါရအောင်လုပ် နိုင်ခဲ့ပြီဆိုသည့် ပီတိကိုတော့ တွေးမိ တိုင်းဖြစ်ရသည်”ဟု သူနှင့် စကားစပ်မိ ၍ ကြားခဲ့ရသည်။
ဦးအောင်ခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com