ထိုင်း Amata ကော်ပိုရေးရှင်းက မြန်မာနှင့် လာအိုနိုင်ငံ တွင်စက်မှုဇုန်များ တည်ဆောက် လုပ်ကိုင်ရန် ရည်ရွယ်နေသည်ဟု အဆိုပါကော်ပိုရေးရှင်း ဈေးကွက်မြှင့်တင်ရေးအရာရှိချုပ် Viboon Kromadit က ပြောကြားကြောင်း Nikkei Asian Review တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ one belt, one road (ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု) စီမံကိန်း၏ အခြေခံအဆောက်အအုံ ကြိုတင်ဖြည့် တင်းမှုအဖြစ် ယင်းသို့ စက်မှုဇုန် များ တည်ဆောက်လုပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီစိတ်ကူးက တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုကို အာဆီယံဒေသအတွင်းမှာ အသုံး ချနိုင်ဖို့ပါ။ ဒါကလည်း ဒီဒေသကို ကမ္ဘာနဲ့ချိတ်ဆက်ပေးဖို့ပါ’’ဟု ၎င်းက ဆိုသည်။
တရုတ်လုပ်ငန်းများသည် ပြင်ပထွက်၍ လာရောက်လုပ်ကိုင်မှု ဆက်တိုက်ရှိလာမည်ဖြစ် ပြီး အထူးသဖြင့် အာဆီယံမြောက် ပိုင်းနိုင်ငံများကို လာရောက်ရင်း နှီးမြှုပ်နှံရန် မျှော်လင့်ထားသည် ဟု ၎င်းက ဆိုသည်။
ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုမှတစ်ဆင့် တရုတ်စက်မှု လုပ်ငန်းများ အာဆီယံဒေသကို ပိုမိုလာရောက်ရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုင်း Amata သည် ဗီယက် နမ်နိုင်ငံ၌ ၁၉၉၄ တွင် စက်မှုဇုန် တစ်ခုတည်ဆောက်ခဲ့ပြီး လက်ရှိ တွင် စက်မှုဇုန်သုံးခု တည်ဆောက်ရန် ဟက်တာ ၈,၀၀၀ ခန့် (ဧက၂၀,၀၀၀ ခန့်)ကို မြေယာဖော် ဆောင်နေသည်။
အဆိုပါ စက်မှုဇုန်များသို့ အထူးသဖြင့် တရုတ်ကုမ္ပဏီများ လာရောက်လုပ်ကိုင်နေသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင်လည်း ဟက်တာ ၄၈၀ (ဧက ၁,၁၀၀ ကျော်)ရှိသည့် အထူးစက် မှုဇုန်တစ်ခု တည်ဆောက်ခဲ့ပြီး တရုတ်စက်ရုံ ၁၀၀ ကျော်ဖြင့်လည်ပတ်နေသည်။
Amata ကော်ပိုရေးရှင်းသည် ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းတစ်ခုဖြစ်သည်။
Credit: 7Daydaily