မလေးရှားတွင် ရောင်းမထွက်သေးသော နေအိမ်ပေါင်း ဒေါ်လာ ၅ ဒသမ ၅ ဘီလျံဖိုး ရှိနေ

မလေးရှားတွင် ရောင်းမထွက်သေးသော နေအိမ်ပေါင်း ဒေါ်လာ ၅ ဒသမ ၅ ဘီလျံဖိုး ရှိနေ - Property News in Myanmar from iMyanmarHouse.com
2 Jul 2018 10:48 am တွင် တင်ခဲ့သည်
2254 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း ရောင်းမထွက်သေးသော လူနေအိမ်ပေါင်း မလေးရှားရင်းဂစ် ၂၂ ဒသမ ၂၆ ဘီလျံ (အမေရိကန်
ဒေါ်လာ ၅ ဒသမ ၅ ဘီလျံ) ဖိုး ရှိခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထွက်ရှိလာခဲ့သည့် မလေးရှားအစိုးရအချက်အလက်များအရ သိရသည်။

ထိုပမာဏသည် ၂၀၁၇ ပထမသုံးလပတ်က ရှိခဲ့သည့် ရောင်းမထွက်သေးသော အိမ် စုစုပေါင်းတန်ဖိုး မလေးရှားရင်းဂစ် ၁၃ ဒသမ ၂၇ ဘီလျံထက် ၆၇ ဒသမ ၈၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အရေအတွက်အားဖြင့်လည်း ၂၂၁၇၅ မှ ၃၄၅၃၂ သို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အိမ်ရောင်းအားသည် ကယ်လန်တန်ပြည်နယ်၊ ကီဒါပြည်နယ်နှင့် တီရန်ဂနူပြည်နယ်တို့တွင် အနိမ့်ဆုံးဖြစ်သည်။ ပီနန်း၊ ဂျိုဟိုး၊ ဆီလန်ဂေါနှင့် ကွာလာလမ်ပူမြို့တို့တွင် ရောင်းမထွက်သေးသောအိမ်အချိုး နည်းပါးသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ရောင်းမထွက်သေးသော အိမ်အရေအတွက် မြင့်တက်လာခြင်းအား ဝယ်လိုအားမရှိခြင်းကြောင့်ဟု သုံးသပ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဝယ်လိုအားမှာ တက်ကြွသောအနေအထားမဟုတ်သော်လည်း ရှိနေပြီး အိမ်ဈေးနှုန်းများ အလွန်မြင့်မားနေခြင်းကြောင်း ဖြစ်ကြောင်း မလေးရှားအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ PPC International ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒါတက်ဆီဒါးစစ်တမ်ပါလမ်က ပြောကြားခဲ့သည်။

ရောင်းအားကျဆင်းမှုမှာ သိသိသာသာဖြစ်သော်လည်း စိုးရိမ်ရန် မလိုသေးကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Knight Frank ၏ မလေးရှားလုပ်ငန်းခွဲ Knight Frank Malaysia ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဆာကူနန်ဆူဘရာမန်နီယမ်ကလည်း ပြောကြားခဲ့သည်။

"မလေးရှားအစိုးရရဲ့ ပွင့်လင်းမြင်သာမှုရှိလာမှုအဆင့် တိုးတက်လာတာကြောင့် ကျွန်တော်တို့တွေ စီးပွားရေးမှာ ယုံကြည်မှုပိုတိုးလာတာကို တွေ့ရမှာဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းအားကျဆင်းမှု လျော့နည်းသွားဖို့ မျှော်လင့်ရပါတယ်" ဟုလည်း သူက ပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service