ဒေါ်လာဈေးမြင့်တက် ခြင်းကို ထိန်းညှိရန် ဗဟိုဘဏ်က ပြည်တွင်းဘဏ်နှင့် ငွေလဲကောင် တာများကို ယမန်နေ့ကခေါ်ယူ တွေ့ဆုံပြီးနောက် ပြင်ပပေါက် ဈေးတွင် တစ်ဒေါ်လာလျှင် ၁,၃၈၅ ကျပ်အထိပြန်လည်ကျ ဆင်းခဲ့သည်။
ပြင်ပပေါက်ဈေး၌ ဇွန်လ ၂၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၄၀၇ ကျပ်ရှိရာမှ ၂၉ ရက်တွင် ၁,၃၈၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရ သည်။
ပြည်တွင်းငွေလဲနှုန်းတွင် ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် ခေါ်ယူတွေ့ဆုံခြင်းဖြစ် ကြောင်း ဗဟိုဘဏ်ညွှန်ကြားရေး မှူးချုပ်တစ်ဦးက ပြောသည်။
ဇွန်လ ၂၉ ရက်နံနက်တွင် ငွေလဲကောင်တာ တာဝန်ရှိသူများနှင့်နေ့လယ်တွင် ဘဏ်တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
‘‘ဒီနေ့ဗဟိုဘဏ်က ခေါ် တွေ့ပြီး ဈေးကကျသွားတာ။ ရှေ့ ဆက်ပြန်ကျဖို့ရှိပါတယ်’’ ဟု ၎င်း ကဆက်လက်ပြောသည်။
ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်း ဇွန်လ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၄၀၅ ကျပ်ပေါက်ဈေးရှိသည်။
‘‘ဒေါ်လာဈေးက မငြိမ်တော့ အရောင်းအ၀ယ်က ပုံမှန်ရှိနေပါ တယ်’’ ဟု Triangle ငွေလဲလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
ဇွန်လ ၂၉ ရက်ညနေဈေး အရ တစ်ဒေါ်လာလျှင် ၁,၃၈၅ ကျပ်အ၀ယ်ရှိပြီး ပြန်ရောင်းဈေး ၁,၃၉၀ ကျပ်ရှိကြောင်း ၎င်းက ဆိုသည်။
ကမ္ဘောဇဘဏ်က ဇွန်လ ၂၉ ရက်အပိတ်ဈေးသည် တစ် ဒေါ်လာလျှင် ၀ယ်ဈေး ၁,၃၉၅ ကျပ်နှင့် ဘဏ်မှပြန်ရောင်းဈေး ၁,၄၀၅ ကျပ်ရှိခဲ့သည်။
ဒေါ်လာဈေးမြင့်တက်ခြင်း သည် ပြည်တွင်း၌ဒေါ်လာလိုအပ် ချက်များနေသည်ကို ဖော်ပြနေ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
Credit: 7Daydaily