ဘဏ်ချေးငွေစနစ်များကြောင့် အိမ် ခြံ မြေ ဈေးကွက်အတွင်း HomeLone ဖြင့် ချိတ်ဆက်ဝယ်ယူလိုသူများပြားလာကြောင်းနှင့်အကယ်၍ ဘဏ်ချေးငွေစနစ်များ ယခုထက်ပိုမိုအားကောင်းလာပါက အိမ် ခြံ မြေ လောက ပြန်လည်ဦးမော့လာရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသုံးသပ်သည်။
“ လတ်တလော အရောင်းအ၀ယ်လေးတွေလိုက်လာတယ်။ လိုက်လာတယ်ဆိုတဲ့ နေရာမှာ ၀ယ်သူစိတ်ကြိုက်သဘောနဲ့ သွားတဲ့အနေအထားကတစ်မျိုးပေါ့။နောက်တစ်ခုက ခုတလောဘာနဲ့ လာကြည့်ကြသလဲဆိုရင် ဘဏ်ချေးငွေစနစ်နဲ့လာကြည့်ကြတယ်။ခုလို အိမ် ခြံ မြေ ဈေးကွက်အေးတဲ့ အချိန်မှာ HomeLone လေးက အားကိုးစရာဖြစ်လာနိုင်တာပေါ့။ဒီထက်ပိုတွင်ကျယ်လာရင်တော့ ပိုပြီးကောင်းသွားမှာပေါ့’’’’ဟု အဆိုပါပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုသည်။
အိမ်ရာချေးငွေစနစ်များကို လက်ရှိတွင် ဧရာဝတီဘဏ် ၊ CHIDB ဘဏ် ၊ ရိုးမဘဏ် ၊ကမ္ဘောဇဘဏ် ၊ CB ဘဏ် အစရှိသည့် ဘဏ်များမှဝန်ဆောင်မှုပေးလျက်ရှိသည်။ထိုကဲ့သို့ ၀န်ဆောင်မှုပေးရာတွင် အချို့ကန့်သတ်ချက်များ ဖြေလျှော့ပေးသင့်ကြောင်းနှင့် အပြင်လောကတွင် လက်ခံနိုင်သည့်အချက်များကိုပါ လက်ခံခွင့်ပြုမည်ဆိုပါက ပိုမ်ုအဆင်ပြေနိုင်ကြောင်းလည်း အကျိုးဆောင်များကထောက်ပြပြောဆိုသည်။
”” Homelone ကဘဏ်ဘက်ကလျှော့ပေးရင်တော့ ပိုဖြစ်နိုင်တယ်။နောက် ဘဏ်ဘက်က လိုအပ်ချက်တောင်းတာလေးတွေကနည်းနည်းများတယ်။
ဥပမာ ။ ။ အပြင်မှာ လုပ်လို့ရတဲ့ဟာမျိုးလေးတွေဆိုရင်လည်း ဘဏ်ဘက်ကမဟုတ်ဘူး ၊ အိမ်ဆို ဘယ်နှနှစ် သက်တမ်းရှိနေပြီလဲဆိုတာမျိုးလေးတွေလျှော့ပေးရင်ပိုကောင်းမယ်။ အဲဒါမျိုးလေးတွေ လျှော့ပေးရင် အဆင်ပြေတာပေါ့။အဲဒါဆိုရင်တော့ ၀ယ်သူရော ၊ ရောင်းသူရော ပိုအဆင်ပြေမယ်လေ။ တစ်ချို့ကြတော့လည်း ကိုယ်တတ်နိုင်တဲ့ဟာနဲ့ အိမ်က သိပ်မကောင်းရင်တောင် ၀ယ်ချင်တာတွေရှိပေမယ့် ကန့်သတ်ချက်တွေကြောင့် အဆင်မပြေဘူး။တကယ်လို့ ဘဏ်ချေးငွေ စနစ်သာဒီထက်ပိုကောင်းလာရင် အိမ် ခြံ မြေလောကမှာ ပြန်ဦးမော့ဖို့ အခြေအနေတစ်ခူဖြစ်လာနိုင်ပါတယ်။ ””ဟု အောင်စည်ဟိန်းအိမ် ခြံ မြေ အကျိုးဆောင်ပိုင်ရှင်မှ ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com